မိမိလုပ်ငန်းအတွက် "Facebook Media Buying / Advertising / Boosting လုပ်တော့မယ်ဆို သိထားသင့်တယ့် အချက် ၁၀ ချက်"

 



Online Marketing ရယ်လို့ပြောလိုက်ရင် Facebook Media Buying / boosting ကတော့ မပါမဖြစ်ပေါ့နော့်။ ကိုယ့်နိုင်ငံရဲ့ လူသုံးအများဆုံး Platform ကလည်း Tiktok မပေါ်ခင်အချိန်ကတည်းကနေ ခုချိန်ထိ Facebook Social Media Platform ကတော့ ဗိုလ်ဆွဲနေဆဲပါဘဲ။ အဲဒီ့တော့ လူများစု သိပြီးသားဖြစ်ပေမယ့် Facebook Ad Boost တော့မယ်ဆိုရင် သိထားသင့်တဲ့ အချက် ၁၀ ချက်ကို ပြန်လည် မျှဝေလိုက်ပါတယ်ခဗျာ။ 


1. Know Your Audience

ကိုယ့်ရောင်းချမယ့် Audience, Potential Customer , Regular Customer , Clients (ဈေးဝယ်သူ / ဖောက်သည်) တွေအကြောင်းကို  ရှင်းရှင်းလင်းလင်း သိထားရပါမယ်။ 

ဉပမာ : ဘယ်အသက်ဝန်းကျင်တွေက ကိုယ်ရဲ့ ထုတ်ကုန် /ဝန်ဆောင်မှုတွေကို သုံးနေသလဲ။ 

သူတို့က ဘယ်မြို့တွေမှာနေကြတာများလည်း။ သူတို့ဘာတွေကို စိတ်ဝင်စားကြသလည်း။ မိဘတွေလား။ တကိုယ်တည်းသမားတွေလား။ ခရီးတွေခဏခဏထွက်နေတက်ကြတာလား။ ပေါ်ပင်တွေကြိုက်တာလား။ အတည်အတံ့ကြီးတွေဘဲလက်ခံတာလား။ ...စတဲ့သူတို့ရဲ့ အချက်အလက်တွေပေါ်မူတည်ပြီး Target Audience ကိုရွေးချယ်အသုံးပြုရပါမယ်။ 


2. High Quality Images & Videos

မိမိနဲ့အတူ platform ပေါ်မှာ အသုံးပြုနေကြတဲ့ Direct / Indirect Competitor တွေနဲ့ တခြား တခြားသော Page များ personal profile များရဲ့ News feed တွေအများကြီးထဲမှာမှ ကိုယ်ရဲ့ ကြော်ငြာက သမားရိုးကျ ထူးမခြားနား Photo image တွေ Video တွေဖြစ်နေမယ်ဆိုရင် လူတွေရဲ့ Attention စိတ်ဝင်စားမှုကိုရမှာ မဟုတ်ပါဘူး။ ဒါကြောင့် ထူးခြားပြီး သိသာထင်ရှားစေမယ့် Images / Videos တွေကို မိမိရဲ့ Ad အတွက် ရွေးချယ် အသုံးပြုသင့်ပါတယ်။


3. Convinced Copywriting

Copywriting ဆိုတာကတော့ အားလုံးသိပြီးသားဖြစ်တဲ့ ကြော်ငြာစာ အရေးအသားဘဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ကြော်ငြာစာက Audience တွေကို မြင်တာနဲ့ဆွဲဆောင်ပြီး ဆက်ဖတ်ချင်အောင် မိမိပေးချင်တဲ့ message တွေပါဝင်ရပါမယ်။ မိမိကြော်ငြာရခြင်း ရည်ရွယ်ချက်ကို ပေါ်လွင်ပြီး မိမိခေါ်ဆောင်ရာကို Audience ပါဝင်လာအောင် ထိထိမိမိ ရေးသားထားရပါမယ်။ 


4. Different AD format

မိမိ Audience သတိပြုမိအောင် Image , Carousel , Video … Media format ပုံစံအမျိုးမျိုးနဲ့လည်း ပြောင်းလဲ ကြော်ငြာနေသင့်ပါတယ်။ အမြဲတန်း photo ချည်းဘဲ , အမြဲတမ်း Video ချည်းဘဲ ဆိုတာမျိုးမဟုတ်ဘဲ လူဆိုတာ အပြောင်းအလဲ အသစ်အဆန်းလေးတွေကို ကြိုက်နှစ်သက်တာကြောင့် လူများစု မငြီးငွေ့အောင်ပြောင်းလဲ ဆန်းသစ်ပြီး ကြော်ငြာ သင့်ပါတယ်။


5. Retargeting 

Retargeting ဆိုတာကတော့ ကိုယ့်ကြော်ငြာကို မြင်ပြီးသား ၊ ထိတွေ့ဖူးပြီးသား ၊ ဝန်ဆောင်မှု ထုတ်ကုန်တွေကို သုံးစွဲဖူးပြီးသား Audience တွေကို မိမိမြင်စေချင် တွေ့စေချင်တဲ့ အကြောင်းအရာတွေကို ပြန်လည် ရောက်ရှိ ပြသအောင် စီစဉ်တာပါ။ ဖောက်သည် အသစ်တွေကို အမြဲ ရှာနေရတာထက် မိမိကို ယုံကြည်တဲ့ ဝယ်နေကြ ဖောက်သည်အဟောင်းတွေကို ပြန်ပြီး‌နောက်တစ်ကြိမ်ရောင်းချဖို့က အလုပ်ဖြစ်ဖို့ ပိုလွယ်ကူသလို ရောင်းအားလည်း သိသိတက်လာစေမှာဖြစ်ပါတယ်။ အဲဒီ့ အတွက် Custom Audience function ကို သိထားပြီး အသုံးချရပါမယ်။ Customer Data base လည်း တည်ဆောက်ထားသင့်ပါတယ်။ 


6. Lookalike Audience

တကယ်လို့ မိမိရဲ့ ဝယ်နေကြ ဖောက်သည်တေွ / Custom Audience Size က တိတိကျကျနဲ့ ကြီးကြီးမားမားရှိမယ်ဆိုရင်တော့ မိမိဖောက်သည်တွေရဲ့ အလားတူ audience တွေကို ရရှိဖို့အတွက် Lookalike function ကို အသုံးပြုသင့်ပါတယ်။


7. Insight 

ကြော်ငြာနေစဉ်ကာလတွေမှာလည်း မိမိကြော်ငြာရဲ့ ပျံ့နှ့ရောက်ရှိမှု ထိရောက်မှုတွေကို သိရှိနေသင့်ပြီး ပိုမိုကောင်းမွန်တဲ့ Campaign ဖြစ်အောင် ပြင်ဆင်သင့်တာတွေကို ပြောင်းလဲပြင်ဆင်ရပါမယ်။ မကြာခဏ Major edit ပြုလုပ်လွန်းတာမျိုးကိုလည်း ရှောင်ကျဉ်ရပါမယ်။ 


8. Brand Voice

ကိုယ့်ရဲ့ ကြော်ငြာတွေက မိမိ Brand အမှတ်တံဆိပ် တွေရဲ့ ချမှတ်ထားတဲ့ အချက်လက် ခံစားမှုတွေနဲ့ လိုက်လျောညီထွေဖြစ်အောင် ဖန်တီးထားသင့်ပါတယ်။ ဒါမှသာ Customer တွေက တွေဝေသွားတာမျိုးမရှိဘဲ သို့လောသို့လော သံသယတွေ ကင်းဝေးပြီး Brand Image ကိုပိုမိုတိုးပွားစေမှာလည်း ဖြစ်ပါတယ်။


9. Budget & Schedule

မိမိလုပ်ငန်း အရွယ်အစား သို့မဟုတ် ကိုယ်တက်နိုင်တဲ့ ငွေကြေးပမာဏ အလိုက် Campaign တစ်ခုချင်းဆီအတွက် ဘယ်လောက်ပမာဏ သုံးစွဲမယ် ဆိုတာကို ကြိုတင် သတ်မှတ်ထားရမယ့်အပြင် အချိန်ကာလ တစ်ပတ် ၊ ဆယ်ရက် တစ်လ စသဖြင့် ကြာမြင့်ချိန် ၊ Campaign စတင်မယ့်နေ့ရက်တွေကိုလည်း တင်ကြို စဉ်းစား ရွေးချယ် ထားရပါမယ်။ Budget လေးသက်သာအောင် Bidding များမယ့် အချိန်ကြီး အခါကြီးတွေကိုရှောင်မှာလား ဒါမှမဟုတ် ငွေကုန်ကြေးကျ ခံပြီး Ad Placement တွေကို ဝယ်ယူသုံးစွဲပစ်မှာလား ဆိုတာတွေကိုလည်း ကြိုတင် စဉ်းစားချိန်ရရှိစေမှာဖြစ်ပါတယ်။ 


10. Split A/B Test

ဆန်းဆန်းပြားပြား Idea လေးတွေ အများကြီး ထွက်တက်တဲ့ Media buyer တွေအနေနဲ့ကတော့ A/B Test ကို စမ်းသပ်အသုံးပြုသင့်ပါတယ်။ မတူညီတဲ့ Media format တွေ ကွဲပြားတဲ့ Copywriting တွေနဲ့ အလုပ်ဖြစ်မယ်ထင်တဲ့ Audience အသစ်တွေဆီကို Split test method ကိုအသုံးပြုပြီး ချဉ်းကပ်ရင်လည်း ရပါတယ်။ 


ပြီးဆုံးအောင် ဖတ်ရှုပေးလို့ အားလုံးဘဲကျေးဇူးတင်ပါတယ်။ နောက်ရက်များမှာလည်း facebook advertising နဲ့ပတ်သတ်လို့ အသုံးဝင်မယ့်အကြောင်းအရာ topic လေးတွေ မျှဝေပေးသွားမှာဖြစ်လို့ post လေးကို like , share လုပ်ပြီး အားပေးနိုင်ပါတယ်ခဗျာ။ 

0 Comments