Chat GPT ဆိုတာကတော့ Open AI ကနေ ထုတ်လုပ်ထားတဲ့ ဘာသာစကားဆိုင်ရာ ဉာဏ်ရည်တု ကိုအသုံးပြုထားတဲ့ AI Conversational Chatbot ဖြစ်ပါတယ်။ Chat ကတော့ လူအများသိထားတဲ့ စကားပြောခြင်းဖြစ်ပြီး GPT ကတော့ Generative Pre-Trained Transformer လို့ခေါ်တဲ့ လူတွေရေးသားပြောဆိုနေတဲ့ ဘာသာစကားတွေကိုနားလည်ပြီး ပြန်လည် ထုတ်လုပ်ပေးနိုင်တဲ့ AI Algorithm Large Language Model ၁ ခုဖြစ်ပါတယ်။ ကနဉီး GPT ကို လေ့ကျင့်ပေးဖို့အတွက် စာအုပ်ပေါင်း ၇၀၀၀ ကျော်နဲ့ အစပြုခဲ့တာ ခုအသုံးပြုနေတဲ့ GPT 3 ဟာဆိုရင်စာအုပ်ပေါင်း ၆၇ ဘီလီယံ ၊ Wikipedia ကနေ အချက်အလက်ပေါင်း ၃ ဘီလီလံ ၊ အင်တာနက်ကနေ ရယူလိုက်တဲ့ 40 GB နဲ့ညီမျှတဲ့ စာသားတွေကနေ လေ့ကျင့်ပေးထားခဲ့တာပါ။
ChatGPT ကိုသုံးဖို့အတွက် ပိုက်ဆံပေးရသလားဆိုရင် No ပါ။ အခမဲ့ သုံးစွဲခွင့်ရှိပါတယ်။ ဒါပေမယ့်လည်းပေါ့လေ အခမဲ့ သုံးတဲ့သူတွေအရမ်းများလာတော့ Server ကျပ်တဲ့အချိန်တွေမှာ ခဏစောင့်ဆိုင်းပေးရတာမျိုးတွေတော့ ရှိပါတယ်။ အဲဒီလိုမျိုးတွေမတွေ့ကြုံချင်ဘူးဆိုရင်တော့ ChatGPT Plus လို့ခေါ်တဲ့ plan လေးကို 1 လ $20 နဲ့ ပေးသွင်းပြီးသုံးစွဲနိုင်ပါတယ်။
Mobile Application တစ်ခုအနေနဲ့ထွက်ရှိထားခြင်းတော့မရှိသေးပါဘူး။ Google Play store မှာတွေ့နေရတဲ့ app တွေကတော့ open ai ကနေထုတ်ထားတဲ့ ChatGPT App မဟုတ်သေးပေမယ့် API ကိုသုံးပြီးထုတ်ထားတဲ့ တခြား developer တွေရဲ့ App တွေဖြစ်ပါတယ်။ ChatGPT ကို အသုံးပြုချင်တယ်ဆိုရင်တော့ Website မှာသွားရောက်ပြီး အသုံးပြုရမှာဖြစ်ပြီး လင့်ကို မ့န်ထဲမှာ ချပေးထားပါမယ်ခဗျာ။
Chat GPT ကိုကျနော်တို့ရဲ့ နေ့စဉ်လုပ်ငန်းတွေမှာ ဘယ်လိုအသုံးချလို့ရလဲဆိုရင်
1. Google Alternative : Google ကိုမေးမယ့်အစား သူ့ကို ကိုယ်မသိတာတွေကို မေးလို့ရမယ်။ Google ကတော့ result မျိုးစုံကို ချပြပေးတော့ ရှုထောင့်ပေါင်းစုံကနေ အဖြေကိုချဉ်းကပ်လို့ရတာကောင်းပေမယ့် တခါတရံကျတော့လည်း result တွေအများကြီး လိုက်ရှာဖတ်ရတာ စိတ်ညစ်တက်တဲ့သူကတော့ chat gpt ကို သုံးကြည့်သင့်ပါတယ်။
2. Summarize Text : တချို့စာတွေ ဆောင်းပါးတွေ ရေးထားတာ ရှည်လို့ တိုတိုနဲ့လိုရင်းဘဲကြိုက်တဲ့သူတွေအနေနဲ့ သူ့ကို summarize this article ဆိုပြီးနောက်မှာ ကိုယ် အကျဉ်းချုပ်စေချင်တဲ့ စာပိုဒ်တွေကို ထည့်ပေးလိုက်ရင် လိုတိုရှင်း အဖြစ်နဲ့ result လေးထွက်လာမှာပါ။
3. Content Creator : blog တွေရေးမယ် ၊ Social media content တွေဖန်တီးတဲ့အခါ အရမ်းခေါင်းစားလွန်းရင် chatgpt ကို content creator ၁ ယောက်အနေနဲ့ ဘာအကြောင်းလေးရေးပေးပါဆိုပြီး English လိုရေးခိုင်းလို့ရပါတယ်။
4. Email : စာရေးတက်မှတော့ အလုပ်အတွက် email တွေကို ဘယ်လိုပုံစံလေးရေးပေးပါဆိုပြီးတော့လည်း ခိုင်းလို့ရတယ်။
5. CV Resume Writer : CV resume တွေကိုယ့်အစား ရေးခိုင်းလို့ရပါတယ်။
6. Ebook Creator : Shadow writer တွေငှားစရာမလိုဘဲ သူ့ကို chapter အလိုက် တဆင့်ချင်းစီ တဆင့်ချင်းစီ ရေးခိုင်းပြီး ebook တွေရေးခိုင်းလို့ရပါတယ်။
7. Write Poem : ကဗျာတွေလည်းရေးခိုင်းလို့ရပါတယ်။
8. Recipe : ဟင်းပွဲတွေအတွက် recipe တွေပြောခိုင်းလို့ရပါတယ်။
9. Programming : Programmer တွေအတွက်လည်း ကိုယ်လိုချင်ပုံစံမျိုးကို ပြောပြီး code တွေရေးခိုင်းလို့ရသလို မှားနေတဲ့ code တွေကိုလည်း ပြန်ပြင်ခိုင်းလို့ရပါတယ်။
10. Translator : ကိုယ်နားမလည်တဲ့ ဘာသာစကားတွေကို ဘာသာပြန်ခိုင်းဖို့ translator ၁ ယောက်အနေနဲ့လည်း သုံးလို့ရပါတယ်။ ဒါပေမယ့် မြန်မာဘာသာအတွက်တော့ သုံးကြည့်တာ သိပ်တော့ အစဉ်မပြေသေးပါဘူးခဗျာ။
ChatGPT ကို ဒီ၁၀ ချက်မကဘဲ အများကြီး အသုံးချလို့ရပါသေးတယ်။ နောက်ရက်များမှာလည်း အသုံးချ AI tips တွေနဲ့ Social Media News တွေကို ဆက်လက်တင်ပြပေးသွားမှာမို့လို့ Page ကို Like and follow လုပ်ပေးထားပါခဗျာ။
#openai #ai #chatgpt #gpt #nal #nalmm #chatbotmm #socialmediamarketing #manychat
0 Comments