"Elon Musk ရဲ့ Neuralink ကုမ္ပဏီကနေပထမဆုံး Wireless Brain Chip ပြားကိုလူ့ဦးနှောက်မှာအစားထိုးနိုင်ခဲ့ပြီ"

 

Elon Musk တည်ထောင်ထားတဲ့ Neuralink ကုမ္ပဏီက Wireless Brain Chip ပြားတွေကိုထုတ်လုပ်ပြီးစမ်းသပ်နေခဲ့တဲ့အဆင့်ကနေ အခုတော့လူ့ဦးနှောက်မှာအောင်မြင်စွာအစားထိုးနိုင်ခဲ့ပါပြီ။ ဒီ Chip ပြားဟာဆိုရင်ခြေလက်တွေအကြောသေနေသူများအတွက် ဦးနှောက်ကနေတွေးတောလိုက်ရုံနဲ့ လှုပ်ရှားသွားလာနိုင်စေဖို့အတွက် ရည်ရွယ်ထားတာဖြစ်ပါတယ်။ Elon Musk ကတော့ Chip ပြားကြောင့် Stephen Hawking လိုလူတောင်မှ လျင်လျင်မြန်မြန်ပြောဆိုလှုပ်ရှားနိုင်လာစေဖို့ကသူ့ရဲ့ရည်ရွယ်ချက်ဖြစ်တယ်ဆိုပြီး သူ့ရဲ့ X(Twtter) စာမျက်နှာကနေတဆင့်ပြောကြားခဲ့ပါတယ်။အစားထိုးကုသမှုခံယူခဲ့တဲ့ပထမဆုံးလူကတော့ အခြေအနေတည်ငြိမ်နေပြီဖြစ်ကာ ဦးနှောက်လုပ်ဆောင်မှုအပိုင်းတွေထိပါလုပ်ကိုင်နိုင်နေပြီဖြစ်ကြောင်းသိရပါတယ်။
အခုလိုနည်းပညာသတင်းတွေအပြင် (မြန်မာ) ChatGPT / Claude / Freedom / Today Info AI / Image Generator Chatbot လေးကို ဘာတွေ မေးမြန်းခိုင်းစေလို့ရမလဲ ဆိုတာကိုပါ စဉ်ဆက်မပြတ် ဆက်လက်တင်ပြနေမှာမို့လို့ Page ကို Like and Follow လုပ်ပေးကြပါဦးနော်။

0 Comments