"Mark Zuckerberg က Meta ရဲ့ဝန်ထမ်းဦးရေ ထပ်မံလျှော့ချဖို့စီစဉ်နေ"

 


Meta ရဲ့ CEO Mark Zuckerberg ဟာ ပြီးခဲ့တဲ့ ၂၀၂၂ခုနှစ်၊နိုဝင်ဘာလတုန်းက ဝန်ထမ်းဦးရေ ၁၁,၀၀၀ နီးပါးလျှော့ချခဲ့ဖူးသလို အခုလဲ နောက်ထပ် ဝန်ထမ်းဦးရေ ထပ်မံ လျှော့ချသွားဖို့ စီစဉ်နေကြောင်းသတင်းတွေအရ သိရပါတယ်။ Mark Zuckerberg ကတော့ ၂၀၂၃ ခုနှစ်ဟာ ပိုမိုအကျိုးရှိတဲ့နှစ်တစ်နှစ်ဖြစ်လာရမယ်လို့ ပြောကြားထားခဲ့ပါတယ်။
သတင်းတွေအရ Mark Zuckerberg ဟာ ကုမ္ပဏီရဲ့ ဆုံးဖြတ်ချက်ချတဲ့နေရာမှာ ပိုမိုမြန်ဆန်လာစေဖို့အတွက် အလယ်အလတ်အဆင့်ရှိတဲ့မန်နေဂျာရာထူးနေရာတွေကို ဖြုတ်ပစ်နေပြီး မန်နေဂျာတွေကိုလဲ code ရေးတဲ့နေရာ၊ research လုပ်တဲ့နေရာနဲ့ ဒီဇိုင်းဆွဲတဲ့နေရာတွေမှာ ပံ့ပိုးကူညီလုပ်ကိုင်ပေးဖို့ ဖိအားပေးနေပြီး မလုပ်နိုင်ဘူးဆိုရင် အလုပ်ထွက်ဖို့ထိပါ တွန်းတွန်း တိုက်တိုက်လုပ်နေပါတယ်။ စီနီယာမန်နေဂျာတွေဆိုရင်လဲ စီမံခန့်ခွဲရတဲ့အလုပ်တွေကို ကိုယ့်လက်အောက်ကဝန်ထမ်းတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်သွားရတော့မှာဖြစ်ပါတယ်။ ဒါ့အပြင် Mark Zuckerberg ဟာ ကုမ္ပဏီရဲ့ဝင်ငွေစာရင်းကိုကြေငြာခဲ့သလို ဒီအဖွဲ့အစည်းဟာ အောင်မြင်မှုရရှိဖို့နှေးကွေးနေပြီး ဝန်ထမ်းဖောင်းပွမှုတွေဖြစ်နေတယ်လို့ပြောကြားခဲ့ပါသေးတယ်။

0 Comments