"(မြန်မာ) ChatGPT ရဲ့ အားသာချက် အားနည်းချက်များ”

 

(မြန်မာ) ChatGPT အကြောင်းပြောရမယ်ဆိုရင် သူ့ရဲ့မူရင်း Open AI ရဲ့ Chat GPT အကြောင်းကို သိဖို့လိုပါတယ်။ ChatGPT ဆိုတာက Open AI ကနေ ထုတ်လုပ်ထားတဲ့ ဘာသာစကားဆိုင်ရာ ဉာဏ်ရည်တု ကိုအသုံးပြုထားတဲ့ AI Conversational Chatbot ဖြစ်ပါတယ်။ Chat ကတော့ လူအများသိထားတဲ့ စကားပြောခြင်းဖြစ်ပြီး GPT ကတော့ Generative Pre-Trained Transformer လို့ခေါ်တဲ့ လူတွေရေးသားပြောဆိုနေတဲ့ ဘာသာစကားတွေကိုနားလည်ပြီး ပြန်လည် ထုတ်လုပ်ပေးနိုင်တဲ့ AI Algorithm Large Language Model ၁ ခုဖြစ်ပါတယ်။ ကနဉီး GPT ကို လေ့ကျင့်ပေးဖို့အတွက် စာအုပ်ပေါင်း ၇၀၀၀ ကျော်နဲ့ အစပြုခဲ့တာ ခုအသုံးပြုနေတဲ့ GPT 3 ဟာဆိုရင်စာအုပ်ပေါင်း ၆၇ ဘီလီယံ ၊ Wikipedia ကနေ အချက်အလက်ပေါင်း ၃ ဘီလီလံ ၊ အင်တာနက်ကနေ ရယူလိုက်တဲ့ 40 GB နဲ့ညီမျှတဲ့ စာသားတွေကနေ September 2021 ထိလေ့ကျင့်ပေးထားခဲ့ကြတာလည်းဖြစ်ပါတယ်။ ဒါကြောင့်သူ့ကို ရာသီဉတုအကြောင်းတွေ ၊ လက်ရှိ ရွှေဈေးတွေ ၊ လက်ရှိ ကမ္ဘာ့အခင်းအကျင်းတွေအကြောင်းမေးရင် ဒါမှမဟုတ် သူ့ရဲ့ ပေးသွင်းထားတဲ့ Data Set တွေထက် ကျော်လွန်ပြီးမေးရင်တော့ သူမသိဘူးလို့ဖြေမှာဖြစ်ပါတယ်။
ကဲ ဒါဆို ChatGPT လေးအကြောင်းသိသွားပြီဆိုတော့ မြန်မာမှုပြုထားတဲ့ (မြန်မာ)ChatGPT လေးကို အသုံးပြုလို့ ရမယ့် အကျိုးကျေးဇူးတွေကတော့
၁) မူရင်းမိခင် မြန်မာဘာသာစကားနဲ့ အလွယ်တကူ အသုံးပြုဆက်သွယ်နိုင်ခြင်း
၂) မြန်မာဘာသာစကားနဲ့အသုံးပြုနိုင်တဲ့အတွက်သိချင်တာကိုအလွယ်တကူစာရိုက်ပြီးမေးမြန်းနိုင်ခြင်း
၃) မူရင်း ChatGPT လိုပဲ သိလိုတဲ့အကြောင်းအရာတွေကိုစက္ကန့်ပိုင်းအတွင်းဖြေကြားပေးနိုင်ခြင်း
၄) ရှာဖွေချင်တဲ့အကြောင်းအရာတွေကို ယေဘုယျရော၊အသေးစိတ်ပါလိုချင်တဲ့အဖြေကိုရယူနိုင်ခြင်း
၅) ကမ္ဘာပေါ်ကသိလိုသမျှ ဗဟုသုတတွေကို တစ်နေရာထဲမှာရှာဖွေနိုင်ခြင်း
၆) အခက်အခဲဖြစ်နေတဲ့ နည်းပညာဆိုင်ရာ ပြဿနာတွေကို ဖြေရှင်းပေးနိုင်ခြင်း
၇) နေ့စဉ်ဘဝမှာကြုံတွေ့ရသမျှအခက်အခဲတွေကို မေးမြန်းလိုက်ရုံနဲ့ အနီးစပ်ဆုံးအဖြေရှာပေးနိုင်ခြင်း
၈) စိတ်ပိုင်းဆိုင်ရာအခက်အခဲတွေကို ရင်ဖွင့်ရင်းအဖြေရှာလို့ရခြင်း
၉) လုပ်ငန်းရဲ့တစ်ချို့နေရာတွေအတွက် ခိုင်းစေလို့ရခြင်း
၁၀) သုတေသနဆိုင်ရာပညာရပ်တွေကိုပါ ရှာဖွေလေ့လာနိုင်ခြင်း တို့ကို ချက်ချင်းလက်ငင်း ရရှိမှာလည်းဖြစ်ပါတယ်။
နေ့စဉ်နဲ့အမျှ (မြန်မာ) ChatGPT လေးကို အဆင့်မြှင့်တာလာတာခုဆိုရင် Messaging Channel 3 ဖြစ်တဲ့ Messenger , Viber & Telegram 3 ခုလုံးမှာ အသုံးပြုနိုင်လာပါပြီ။ မြန်မာလိုကော English လိုပါ ပြောဆိုမေးမြန်းနိုင်အောင်လည်း အဆင့်မြှင့်တင်ပေးထားပါပြီ။
မိတ်ဆွေတို့ရဲ့ နောက်ထပ်လိုအပ်နေမယ့် Function လေးတွေရှိရင်လည်း ပို့စ်အောက်မှာ အကြံပေးသွားလို့ရပါတယ်ခဗျာ။ ဉပမာ ဗေဒင်မေးချင်တာမျိုး ၊ လက်ရှိ ရာသီဉတု မေးချင်တာမျိုး…အစရှိသဖြင့်ပေါ့ခဗျာ။ အားပေးကြတဲ့ ညီကိုမောင်နှမတွေကို ကျေးဇူးတင်ပါတယ်။
NAL မှာရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့ Chatbot Developing , Social Media Marketing , Website Developing , App Developing တို့ဘဲဖြစ်ပါတယ်။
ထင်ကျော် (NAL)
09 254 865 318

0 Comments