ဘယ်လိုအလုပ်လုပ်တာလဲဆိုရင် အရင်ဆုံး Data Source အနေနဲ့ Drive ထဲက Data တွေ,ဒါမှမဟုတ် ကိုယ့် PDF တွေ , သီးခြားရွေးချယ်ထားတဲ့ Text တွေ ကျွေးပြီး Generative Text AI အနေနဲ့ ကိုယ့်ရဲ့ Specific work / Objective တွေအတွက် Hallucination အနဲဆုံး ဖြစ်ဖြစ်နဲ့ တသီးတသန့် မေးမြန်းလို့ရပါတယ်။
Notebook 1 ခုအတွက် Sources 10 ခု ထည့်သွင်းသုံးသုံးစွဲခွင့်ပေးထားပြီး ၊ Source ၁ ခုချင်းစီအတွက် Word စာလုံးရေ 50,000 ထိ ထည့်သွင်းနိုင်မယ်ဆိုတော့ စုစုပေါင်း စာလုံးရေ 500,000 အထိ ရပါတယ်။ တက္ကသိုလ် ဖတ်စာအုပ် ၁ အုပ်မှာဆို စာလုံးရေ ၁ သိန်းဝန်းကျင်ရှိတော့ ၅ အုပ် လောက်ရှိတဲ့အချက်အလက်တွေ ထည့်ပြီးမေးလို့ရပါတယ်။ Professional Text book ကတော့ သူ့ ၂ ဆလောက်ရှိတော့ 2/3 အုပ်စာလောက်ရပါတယ်။
နောက်ကောင်းတာ ၁ ခုက Suggested Questions လေးတွေ Poe မှာလိုမျိုး အသင့် ထုတ်ထုတ်ပေးတော့ တခါတလေ သူထုတ်ပေးထားတာလေးတွေက ကိုယ်မေးချင်တာထက်တောင် ပိုဆီလျော်တာမျိုးလေးတွေ ထုတ်ပေးလို့ တော်တော်အစဉ်ပြေတာလေးလည်း တွေ့ရပါတယ်။
စမ်းသုံးချင်တဲ့သူတွေအတွက် လင့်လေး ပုံထဲမှာ ရေးပေးထားပါတယ်။ Poe တို့ ChatGPT တို့နဲ့မတူတာက POE လိုမျိုး နေ့စဉ်မေးခွန်းအရေအတွက် ကန့်သတ်ချက်ရှိမှာမဟုတ်လို့ စိတ်တိုင်းကျမေးလို့ရမယ်။ ChatGPT လို $20 သွင်း Pro ပြောင်း ပြီးမှ Plug in သုံးပြီးမေးစရာမလိုဘူး အခမဲ့သုံးလို့ရမယ်။ စာလုံးရေအကန့်အသတ် 500,000 ဆိုတဲ့ ပမာဏက လိုအပ်တာထက်ကို ပိုတယ်လို့တောင် ပြောလို့ရတော့ စမ်းသုံးကြည့်သင့်တဲ့အထဲ ပါပါတယ်။
စာကိုဆုံးအောင်ဖတ်တဲ့အတွက်ကျေးဇူးတင်ပါတယ်။ နောက်ရက်တွေမှာ (မြန်မာ) ChatGPT AI Chatbot လေးကို ဘာတွေ မေးမြန်းခိုင်းစေလို့ရလဲဆိုတာလေးတွေကို ဆက်လက်တင်ပြနေမှာမို့လို့ Page ကို Like and Follow လေးလုပ်ထားပေးကြပါဉီး။
0 Comments