Microsoft Copilot မှာပါဝင်တဲ့ Feature တွေကိုရှေ့တုန်းကမိတ်ဆက်ပေးခဲ့ဖူးပါတယ်။ အဲဒီထဲမှာမှ Notebook ဆိုတဲ့ Feature အသစ်လေးရဲ့အသုံးဝင်ပုံအသေးစိတ်ကိုရှင်းပြပေးချင်ပါတယ်။ Notebook ကို Copilot ရဲ့ အပေါ်ဘက် Menu နေရာက Chat ရဲ့ဘေးကနေရာကနေ ဝင်ရောက်အသုံးပြုနိုင်ပါတယ်။ သူ့ကို စာလုံးရေ ၁၈,၀၀၀ ထိအသုံးပြုခွင့်ပေးထားပြီး Prompt တွေကိုအရင်ကရှိခဲ့တဲ့ Chat ထက်ပိုမိုအသုံးပြုလာနိုင်တော့မှာပါ။ Bing မှာထည့်သွင်းထားတဲ့ ChatGPT AI ကိုပဲထည့်သွင်းပေးထားတာဖြစ်တာကြောင့် ရလဒ်ကတော့သေချာပေါက်ကောင်းမွန်နေမှာဖြစ်ပါတယ်။
ဒါ့အပြင် Copilot Notebook က Document တွေကစာတွေကို အကျဉ်းချုံးရေးပေးနိုင်တဲ့အပြင် မူရင်း Document ကိုပါမှတ်ထားပေးပါတယ်။ရေးပြီးသား Prompt တွေရဲ့အဖြေကိုလဲသိမ်းဆည်းထားလို့ရသေးတာကြောင့် Copilot ကနောက်ပိုင်းမှာတော်တော်လေးကိုအဆင်ပြေတဲ့ AI Tool တစ်ခုဖြစ်လာနိုင်ပါတယ်။
လက်ရှိမှာတော့ Copilot ကို Microsoft ရဲ့ Bing နဲ့ Edge Browser၊ Chrome နဲ့ WindowsOS တို့မှာအခမဲ့အသုံးပြုနိုင်ပြီဖြစ်ပါတယ်။လင့်ခ်လေးကိုပေးထားပါမယ်။
=> Link
အခုလို AI နည်းပညာအသစ်လေးတွေအပြင် (မြန်မာ) ChatGPT / Claude / Freedom / Today Info AI / Image Generator Chatbot လေးကို ဘာတွေ မေးမြန်းခိုင်းစေလို့ရမလဲဆိုတာကိုပါ စဉ်ဆက်မပြတ် ဆက်လက်တင်ပြနေမှာမို့လို့ Page ကို Like and Follow လုပ်ပေးကြပါဦးနော်။
0 Comments