2024 နှစ်သစ်မှာ မင်္ဂလာရှိသွားအောင်လို့ (မြန်မာ) ChatGPT Free plan လေးကို GPT3.5 ၁ ခုထဲမဟုတ်ဘဲ နောက်ထပ် AI Models 5 ခုတိတိ ထပ်မံ ထည့်သွင်းပေးထားလိုက်ပါပြီ။ ဘယ် AI Models တွေလဲဆိုရင်တော့
- Today Info AI
- Claude
Anthropic Organization ကထွက်ရှိထားတဲ့ Claude Instant 1.2 Model ကိုသုံးပေးထားတာဖြစ်ပြီး GPT3.5 ထက်ပိုမိုကောင်းမွန်တဲ့ စိတ်တိုင်းကျတဲ့ Result တွေထုတ်ပေးနိုင်တဲ့အတွက် GPT4 ကလွဲရင် ကျနော်ကိုယ်တိုင်လည်း လက်ရှိ စွဲစွဲမြဲမြဲသုံးတဲ့ AI Model ပါ။ Knowledge cut off date ကတော့ 2021 အထိ ဖြစ်ပါတယ်။
- YI-34B
01 AI မှထုတ်ထားတဲ့ China AI Model ၁ ခုဖြစ်ပြီး မြန်မာ / English / Chines ဘာသာစကား ၃ မျိုးနဲ့ အလျဉ်းသင့်သလို သုံးစွဲနိုင်ပါတယ်။ Knowledge cut off date ကတော့ June 2023 အထိ ဖြစ်ပါတယ်။
- Phind Code Llama 32B
Phind Organization ကနေ Llama32B ကို Promgrammer တွေအတွက် finetue လုပ်ပြီး ထုတ်လုပ်ထားတဲ့ Model အမျိုးအစားဖြစ်ပါတယ်။ Benchmark ( HumanEval) ရလဒ်တချို့မှာ GPT4 နီးပါးကောင်းမွန်လို့ ထည့်သွင်းပေးထားခြင်းဖြစ်ပါတယ်။ Knowledge cut off date ကတော့ September 2021 အထိ ဖြစ်ပါတယ်။
- Zephyr by Hugging Face
Zephyr Model ကတော့ ပြင်သစ် AI Organization တစ်ခုကနေ Opensource အဖြစ် ပေးထားတဲ့ AI Model 1 ခုဖြစ်တဲ့ Mistral-7B-v0.1 ကို synthetic datasets တွေကို Direct Preference Optimization (DPO) လို့ခေါ်တဲ့ Human Feedback တွေနဲ့ အဖြေတွေကို နီးစပ်ကောင်းမွန်လာအောင် ပေါင်းစပ်ပြုလုပ်တဲ့နည်းလမ်း ကိုသုံးပြီး ထုတ်လုပ်ထားတဲ့ AI Model တစ်ခုဖြစ်ပါတယ်။
Today Info AI နဲ့ Claude ကတော့ Pro Features ထဲက AI Models တွေဖြစ်လို့ သုံးစွဲခွင့် အကန့်အသတ် ရှိပေမယ့် ကျန်တဲ့ Model တွေကတော့ နှစ်ကူးလက်ဆောင်အနေနဲ့ အခမဲ့ စိတ်တိုင်းကျ အသုံးပြုနိုင်ပါတယ်။
နောက်ရက်တွေမှာကော ဘယ်လို အသစ်အဆန်း AI တွေ တင်ပြသွားမလဲဆိုတာ လွတ်မသွားဖို့ Page ကို Like and Follow လေးလုပ်ထားပေးကြပါဉီး။
0 Comments