ဒီနေ့မှာ OpenAI ရဲ့ BOD အဖွဲ့ဝင်တွေကတော့ Sam Altman ကို CEO & BOD အဖြစ်ကနေ ရပ်စဲပြီး Chief Technology Officer အဖြစ်နဲ့ လက်ရှိတာဝန်ထမ်းဆောင်နေတဲ့ အမျိုးသမီး Mira Murati ကို လတ်တလော ကြားကာလ CEO အနေနဲ့ ပြောင်းလဲ သတ်မှတ်လိုက်တဲ့ အကြောင်း မထင်မှတ်ဘဲ ရုတ်တရက်ထုတ်ပြန်လာတာကိုတွေ့လိုက်ရပါတယ်။
ဘာကြောင့် Sam ကိုထုတ်ပယ်လိုက်ရလဲဆိုတော့ Sam က BOD အဖွဲ့ဝင်တွေနဲ့ ဆက်သွယ်တင်ပြပြောဆိုတဲ့အခါတွေမှာ ဖြောင့်မတ်မှန်ကန်မှု တသမတ်တည်းမရှိတာေတွကြောင့် သူ့ရဲ့ လုပ်ငန်းတာဝန် စွမ်းရည်တွေမှာ နှောင့်နှေးအဟန့်အတားတွေ ရှိလာတယ်လို့ BOD အဖွဲ့အနေနဲ့ သုံးသပ်ပြီး ခုလို ထုတ်ပယ်လိုက်ရတယ်လို့ ကို ဖော်ပြထားတာလည်း တွေ့ရပါတယ်။ ပုံမှန်ဆိုရင်တော့ ခုလို Announcement မျိုးကို Public မှာ ထည့်သွင်းဖော်ပြထားတာမျိုး မလုပ်တက်ကြပါဘူး။ Sam အနေနဲ့ နောက်ကွယ်က ပြသာနာ ထင်တာထက်များပိုကြီးနေသလားလို့လည်း တွေးစရာပါဘဲ။
ကြော်ငြာချက် Statement မှာဆက်ပြောထားတာက OpenAI ရဲ့ Advance Mission ဖြစ်တဲ့ လူသားတွေကို အကျိုးပြုနည်းပညာဖြစ်စေမယ့် artificial general intelligence (AGI) ကိုဆက်လက်ဖော်ဆောင်ဖို့အတွက် ပြောင်းလဲဖွဲ့စည်းခဲ့လိုက်တယ်။ BOD တွေအနေနဲ့ OpenAI ကို Founded တည်ထောင်ပေးခဲ့ပြီး ခုလိုအဆင့်ထိ ရောက်ရှိလာအောင် ကြိုးစားပေးခဲ့တဲ့ Sam ကိုလည်း ကျေးဇူးတင်တဲ့အကြောင်း ၊ ခုလို ဉီးဆောင်မှုအသစ်အောက်မှာ မူလရည်ရွယ်ထားတဲ့အတိုင်း ဆက်လက် အကောင်အထည်ဖော်တည်ဆောက်သွားမှာလည်း ဖြစ်တယ်လို့ ဖော်ပြထားပါတယ်။
နောက်အရေးကြီးတာ တခုကျန်ပါသေးတယ်။ အဲဒါကတော့ Greg Brockman ကဘုတ်အဖွဲ့ဥက္ကဌအဖြစ်ကနေနုတ်ထွက်ရတော့မှာလည်းဖြစ်ပါတယ်။ ဒါကြောင့် ခုဆို Board of Director အဖြစ်ကျန်ရှိသူတွေကတော့
-Chief scientist Ilya Sutskever,
-Independent directors Quora CEO Adam D’Angelo,
-Technology entrepreneur Tasha McCauley, နဲ့
-Georgetown Center for Security and Emerging Technology ရဲ့ Helen Toner
တို့ဘဲဖြစ်ပါတယ်။ ပုံတွေကိုထည့်သွင်းပေးထားပါတယ်။
မူရင်းလင့် လေးပါ။
ခုလို ထိပ်ပိုင်းအပြောင်းအလဲတွေက OpenAI ရဲ့ လက်ရှိနဲ့ အနာဂတ် Performance တွေကို ဘယ်လိုတွေများ ထိခိုက်မှုတွေရှိမလဲ ? နောက်ပိုင်း AI Industry ရဲ့ အပြောင်းအလဲအရွေ့တွေကတော့ တော်တော်ကို စိတ်ဝင်စားစရာကောင်းလာပါပြီ။
0 Comments