Meta ရဲ့ Facebook နဲ့ Instagram မှာ အသုံးပြုနေတဲ့သူတွေအတွက် ကြော်ငြာထည့်သွင်းမှာမဟုတ်တဲ့ No Ad Subscription Program ကို EU (27 Countries) , EEA (EU+3 Iceland, Liechtenstein, and Norway) နဲ့ Switzerland တို့မှာ ခု November လကနေစတင်ပြီး Website ကနေ သုံးစွဲမယ်ဆို ၁ လကို Euro 9.99 နဲ့ Ios , Android Phone Application ကနေ Subscribe လုပ်ရင်တော့ ၁ လကို Euro 12.99 ကျသင့်ပါလိမ့်မယ်။
ခု Subscription ဟာ Account Center ၁ ခု အောက်ထဲမှာရှိတဲ့ အကောင့်ခွဲတွေအကုန်လုံးအတွက် March 1 2024 အထိသာအကျုံးဝင်ပြီး အဲဒီ့နောက်ပိုင်းတော့ အကောင့်ခွဲတစ်ခုစီအတွက် Website မှာဆို 6 Euro နဲ့ Mobile Application တွေကနေဆို 8 Euro စီ ထပ်မံကျသင့်မှာလည်းဖြစ်ပါတယ်။ တကယ်လို့ ခု Subscription ကိုမရွေးချယ်ခဲ့ဘူးဆိုရင် Platform ကိုအခမဲ့ ဆက်လက်အသုံးပြုနိုင်ဉီးမှာဖြစ်ပေမယ့် အရင် အတိုင်း Ad Experience နဲ့ဆက်လက်သုံးစွဲလို့ရသွားမှာဘဲဖြစ်တဲ့အကြောင်းလေး ဗဟုသုတအနေနဲ့တင်ဆက်လိုက်ရပါတယ်။
0 Comments