"GPT4 Turbo (with vision), Dalle E 3 API, TTS API, GPTs, Copyright Shield တွေနဲ့ မြိုင်မြိုင်ဆိုင်ဆိုင် ဖြစ်ခဲ့တဲ့ OpenAI DevDay"

 








Sam ကတော့ သူပြောထားခဲ့တဲ့အတိုင်းပါဘဲ ခုပွဲမှာ ချပြခဲ့တဲ့ နည်းပညာတွေက တကယ့်ကို အားပါးတရရှိပါတယ်။ 128K Context window ရှိတဲ့ GPT4 Turbo (+Vision) (output 4096 tokens) ကို ပိုမိုသက်သာလာတဲ့ဈေးနှုန်းတွေနဲ့ ပွဲထွက်လာခဲ့ပါတယ်။ Context Window tokens များပြားလာတဲ့အတွက် model ရဲ့ Input tokens နဲ့ Questions / Instruction Prompt တွေကို အားရပါးရကြီး ထည့်သွင်းအသုံးပြုနိုင်လာတော့မှာလည်းဖြစ်ပါတယ်။ Knowledge limit ကို 2023 Apr အထိ တိုးမြှင့်လာတာကလည်း တော်တော်လေး အားရစရာပါ။ Developer အများစု ခန့်မှန်းထားခဲ့တဲ့အတိုင်းပါဘဲ AI Image Generation Dall E 3 API လည်းထုတ်ပေးမှာဖြစ်သလို မထင်မှတ်ထားတဲ့ TTS (text to speech API) ကို preset voice 6 မျိုး လည်းပါဝင်လာပါတယ်။
Assistant လို့ပြောင်းလဲခေါ်ဝေါ်ထားတဲ့ Customize Chatbots တွေကို platform ရဲ့ built in UI ထဲမှာတင် gpt-4-1106-preview (Not production lvl) Model ကို Multiple Functional Calling , Code Interpreter အပြင်ကိုမှ Document Retrieval function တွေနဲ့တွဲစပ်ပြီး စတင်သုံးစွဲခွင့်ပေးလိုက်ပြီဘဲဖြစ်ပါတယ်။
ChatGPT End User တွေကိုလည်း GPTs လို့ခေါ်တဲ့ မတူကွဲပြားတဲ့ prebuilt Personalized Chatbot တွေလည်း သုံးစွဲခွင့်ကို တဆင့်ခြင်းဆီ ခွင့်ပြုပေးသွားမယ်လို့လည်း သိရပါတယ်။
Fine Tuning Function ကိုလည်း GPT3.5 Turbo Model တွေအပြင် GPT4 Model ကိုပါ Fine tuning လုပ်ဆောင်ခွင့် မကြာခင် တဆင့်ချင်းစီ ပေးသွားမှာလည်းဖြစ်ပါတယ်။ Built in UI မှာတင် တထိုင်တည်း လုပ်ဆောင်သွားနိုင်တော့မှာပါ။
လက်ရှိ ထုတ်ပေးလိုက်တဲ့ Model အသစ်တွေရဲ့ Pricing ကိုလျော့ချပေးပြီး Production တွေအတွက် Limit Rate ကိုလည်း တိုးမြှင့်ပေးသွားမှာဖြစ်လို့ သတင်းကောင်းတွေလည်းဖြစ်ပါတယ်။ API တွေကနေ စီးဆင်းနေတဲ့Data တွေကို Future Model တွေအတွက် လေ့ကျင့်ပေးဖို့ အသုံးပြုမှာမဟုတ်တဲ့အကြောင်းလည်း ထပ်ပြီး ဂတိပေးပြောသွားပါသေးတယ်။
ထည့်သွင်းမပြောမိဘဲ ကျန်သွားခဲ့တဲ့ အချက်အလက်တွေရှိရင် ခွင့်လွှတ်ပေးပါခဗျာ။

0 Comments