လွန်ခဲ့တဲ့လတွေက Enterpreneur တွေရဲ့ ဘုရင်ကြီး Elon 1 ယောက် သူ့ရဲ့ X AI organization ကိုဖွဲ့စည်းပြီး မကြာခင်လပိုင်းေလးအတွင်းကို GROK လို့ေခါ်တဲ့ ChatGPT လိုမျိုး ပြောဆိုစွမ်းဆောင်နိုင်တဲ့ Chatbot လေးကို OpenAI ရဲ့ DevDay မတိုင်ခင် ပြီးခဲ့တဲ့ တစ်ပတ်ကဘဲ Announcement လုပ်သွားခဲ့ပါပြီ။
Grok2 Engine ကိုအသုံးပြုထားတဲ့ခု Chatbot လေးကို အချိန် ၄ လ ဘဲယူပြီး ခုလိုချပြလာတာလည်းဖြစ်ပါတရ်။ Prototype LLM (Grok0) 33 Billion Parameters အဆင့်မှာတောင် LLaMA 2 (70B) ရဲ့ ရဲ့ Benchmark အမှတ်နားထိတောင် စွမ်းဆောင်နိုင်နေပြီဆိုပြီးလည်း ဂုဏ်ယူစွာနဲ့ ပြောဆိုထားတာလည်းဖြစ်ပါတယ်။ LLM Training အတွက်လည်း အရေအတွက်များပြားလှတဲ့ သောင်းနဲ့ချီတဲ့ GPU တွေကို Synchronized လုပ်ချိတ်ဆက်ပြီး မပြီးမချင်း တောက်လျောက် လေ့ကျင့်ပေးခဲ့တာလည်းဖြစ်ပါတယ်။
၂ လ ဘဲကြာပြီး ခုလို Model Grok1 ကိုရောက်ရှိမိတ်ဆက်ေနခဲ့တာလည်းဖြစ်ပါတယ်။ ရမှတ်တွေကိုလည်း အောက်ကပုံတွေမှာမျှဝေထားပါတယ်။
ChatGPT ထက်အားသာချက်တွေက Platform X ရဲ့ အချိန်နဲ့တပြေးညီ စီးဆင်းနေတဲ့ အချက်အလက်တွေကိုအခြေခံပြီး Train နေတဲ့အတွက် Up to date သတင်းတွေကိုပါ ပြန်လည်ဖြကြားပေးနိုင်မှာလည်းဖြစ်ပါတယ်? လက်ရှိတော့ US မှာဘဲ တဆင့်ချင်းဆီ စမ်းသပ်ဖို့ ခွင့်ပြပေးနေသေးတာပါ။
ကိုယ်က စမ်းသပ်ဖို့ စိတ်ဝင်စားတယ်ဆို X ai website မှာ waiting list ပေးထားလို့ရပါတယ်။ အားလုံးဘဲကျေးဇူးတင်ပါတယ်။
0 Comments