"AI ဟာ ကပ်ဘေးဆိုးကြီး တစ်ခု ဖြစ်လာနိုင်ဖွယ်ရှိတဲ့အကြောင်း ကမ္ဘာ့ခေါင်းဆောင်အများအပြားက ထပ်မံ အသိပေး"

 

November 1 ရက်နေ့က ကျင်းပတဲ့ UK Summit ကိုတက်ရောက်လာကြတဲ့
- U.S. Vice President Kamala Harris ,
- Chinese Vice Minister of Science and Technology Wu Zhaohui,
- Elon Musk (X),
- Sam Altman (OpenAI),
- Demis Hassabis (CEO of DeepMind ),
- Yann LeCun (Chief AI Scientist at Meta) အပါအဝင် တခြားခေါင်းဆောင်တွေပါဝင်တဲ့ စုစုပေါင်း ၂၈ နိုင်ငံတို့ဟာ “frontier” A.I. systems ကြောင့်ဖြစ်ပေါ်လာနိုင်တဲ့ အန္တရာယ်တွေကိုအသိပေးဖော်ပြထားတဲ့ the Bletchley Declaration လို့ခေါ်တဲ့ စာတမ်းကို ကြော်ငြာခဲ့ကြပါတယ်။
လက်ရှိ AI စနစ်တွေကနေပြီး မရည်ရွယ်ဘဲနဲ့သော်လည်းကောင်း ရည်ရွယ်ချက်ရှိရှိနဲ့သော်လည်းကောင်းပြင်းထန်တဲ့ အကျိုးဆက် ဒါမှမဟုတ် ကပ်ဘေးအခြေအနေထိတောင် ရောက်ရှိသွားနိုင်တဲ့အကြောင်းတွေကို ခုစာတမ်းထဲမှာ ဖော်ပြထားတာပါ။
တိကျတဲ့ ဖြေရှင်းလုပ်ကိုင်ပုံ Policy တွေကို ခုတခေါက် Summit မှာ အပြီးမသပ်နိုင်ခဲ့ပေမယ့် ဒုတိယအကြိမ် Meeting ကို နောက်ထပ် ၆ လမှာ တောင်ကိုရီးယား နိုင်ငံ တတိယ Meeting ကို နောက်ထပ် ၁ နှစ်အတွင်းမှာ ပြင်သစ်နိုင်ငံတို့မှာ ထပ်မံလုပ်ဆောင်သွားဖို့ စီစဉ်ထားကြပါတယ်။
အနာဂတ် AI စနစ်တွေဟာ ကျန်းမာရေးစနစ်များအတွက် သုံးသပ်ချက်တွေ ၊ စီးပွားရေး လုပ်ငန်းတွေ၊ စက်ရုံသုံး စနစ်တွေ၊ ကမ္ဘာလုံးဆိုင်ရာ ရာသီဉတုပြန်လည်တည့်မတ်ရေးတွေလို အလွန်အရေးကြီးတဲ့နေရာတွေမှာ အရှိန်အဟုတ်မြှင့် အသုံးပြုလာနိုင်မှာဖြစ်သလို တခြားတဖက်ကနေဆိုရင် အလုပ်အကိုင် အစားထိုးမှုတွေ၊ သတင်းအချက်အလက်ပိုင်းဆိုင်ရာ တုပမှုတွေ၊ Cyber Attack တွေ၊biological ဒါမှမဟုတ် chemical weapons တွေလိုမျိုး နိုင်ငံတွေအတွက် လုံခြုံရေးပိုင်းဆိုင်ရာ စိန်ခေါ်မှုတွေလည်း အကြီးအကျယ်ကို ရင်ဆိုင်ရဖို့ရှိနေတာလည်းဖြစ်ပါတယ်။
ခု အစည်းအဝေးကို ၂ ရက်ကြာကျင်းပခဲ့ပြီး ကျင်းပခဲ့တဲ့နေရာလေးကတော့ Computer တွေကို မျိုးစေ့ချပေးခဲ့တဲ့ ပညာရှင်ကြီး Mr.Turing က Germany တွေရဲ့ စကားဝှက် Enigma ကို ဖြေရှင်းပေးနိုင်ဖို့အတွက် ရုံးထိုင်အခြေချခဲ့တဲ့ လန်ဒန်ကနေ မြောက်ဘက် မိုင် ၅၀ အကွာမှာရှိတဲ့ Bletchley Park လိုကျေးလက်ဒေသလေးမှာ ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။
အသေးစိတ်ဖတ်ရှုချင်တဲ့သူတွေအတွက် အောက်မှာလည်း လင့်ပေးထားပါမယ်ခဗျာ။ 
 

0 Comments