Ecommerce ကုမ္ပဏီ တစ်ခုဖြစ်တဲ့ Dukaan ကတော့ သူတို့ရဲ့ customer support ဝန်ထမ်း ၉၀% ထိကို artificial intelligence(ai) chatbot ဖြင့်အစားထိုးလိုက်ပြီဘဲဖြစ်ပါတယ်။ ဖောက်သည်တွေကို အချိန်တိုအတွင်း ပြန်လည်ဖြေဆိုနိုင်စွမ်း တိုးတက်စေရန်နှင့်ကုန်ကျစရိတ်များကိုလျှော့ချဖို့အတွက်ဖြစ်ပါတယ်။ AI Chatbot မတပ်ဆင်ခင်က Customer တွေက သူတို့သိချင်တဲ့ အဖြေရရှိဖို့ အတွက် အနဲဆုံးပျမ်းမျှ အချိန် ၂ နာရီကျော် စောင့်ဆိုင်းနေကြရတာကနေ AI Customer Service Chatbot တပ်ဆင်ပြီးသွားတဲ့အချိန်မှာတော့ စောင့်ဆိုင်းချိန် ၁ မိနစ်ကျော်သာ ရှိတော့တဲ့အထိ သိသိ တိုးတက် ကျဆင်းသွားတာဘဲဖြစ်လို့ Customer တွေရဲ့ ကျေနပ်မှုကို သိသိသာသာ ရရှိလာခဲ့တာဘဲဖြစ်ပါတယ်။
ကုမ္ပဏီရဲ့ CEO က သူတို့ရဲ့ Bot9 AI Chatbot ကို ပြောင်းလဲမြှင့်တင်လိုက်ခြင်းကလုပ်ငန်းတွေကိုတိုးတက်စေပြီး ကုန်ကျစရိတ်ကိုလျှော့ချပေးကာ ဖောက်သည်တွေကိုအကောင်းဆုံးဝန်ဆောင်မှုတွေပေးနိင်ခဲ့တယ်လို့ ပြောကြားခဲ့ပါတယ်။
Dukaan လိုမျိုး Customer Service AI Chatbot သုံးစွဲတပ်ဆင်ချင်တဲ့ ကုမ္ပဏီတွေရှိရင် NAL က ဝန်ဆောင်မှုတွေပေးနေတဲ့အကြောင်း သတင်းကောင်းပါးလိုက်ပါရစေခဗျာ။
နောက်ရက်တွေမှာကော (မြန်မာ) ChatGPT AI Chatbot လေးကို ဘာတွေ မေးမြန်းခိုင်းစေလို့ရလဲဆိုတာလေးတွေကို ဆက်လက်တင်ပြနေမှာမို့လို့ Page ကို Like and Follow လေးလုပ်ထားပေးကြပါဉီး။
0 Comments