ခု ပို့စ်လေးမှာတော့ ကိုယ်မသိတဲ့ စာလုံး / စာသား အဓိပ္ပာယ် တွေကို (မြန်မာ) Chatgpt နဲ့ မေးမြန်းနည်းလေးကို တင်ဆက်လိုက်ပါတယ်။ ကျနော် Video လေး ၁ ကားကြည့်ရင်းနဲ့ ကိုယ်မသိတဲ့စာလုံးလေးတွေ့လိုက်တော့ (မြန်မာ) Chatgpt လေးကို ခုလို မေးမြန်းကြည့်လိုက်တယ်။
ကိုယ်မေးမြန်းချင်တဲ့ စာလုံး / စာသားလေးကို "xxx" ဆိုတဲ့နေရာမှာ အစားထိုးမေးမြန်းလိုက်ရင် (မြန်မာ) Chatgpt လေးက မဆိုင်းမတွ ပြန်လည် ရှင်းလင်းပေးမှာဘဲဖြစ်လို့ အချိန်မရွေး နေရာမရွေး ကိုယ့်ကို ရှင်းပြပေးနိုင်တဲ့ Tutor ၁ ယောက် ဖုန်းထဲမှာ ရှိနေသလိုဘဲ ဖြစ်ပါတယ်။
နောက်ရက်တွေမှာကော (မြန်မာ) ChatGPT AI Chatbot လေးကို ဘာတွေ မေးမြန်းခိုင်းစေလို့ရလဲဆိုတာလေးတွေကို ဆက်လက်တင်ပြနေမှာမို့လို့ Page ကို Like and Follow လေးလုပ်ထားပေးကြပါဉီး။
0 Comments