"လူတကာ AI သုံးပြီးရှေ့ဆက်နေချိန် ကိုယ်ကနောက်မှာ ကျန်ခဲ့မှာ စိုးရိမ်နေပြီလား။"

 

ဘာမှစိုးရိမ်ပူပန်မနေပါနဲ့တော့။ English မကျွမ်းကျင်လည်း ကိစ္စမရှိဘူး။ မြန်မာဘာသာစကားနဲ့ သုံးလို့ရမယ်။ ကိုယ်မေးချင်တာမေးခွင့်ရှိမယ်။ ကိုယ့်အခက်အခဲတွေကို AI သုံးပြီး သက်တောင့်သက်သာ ကျော်ဖြတ်နိုင်မယ့် (မြန်မာ) ChatGPT လေးလာပါပြီ။
ဘယ်သူတွေက စမ်းသပ် သုံးစွဲသင့်လဲဆိုရင်တော့
1. အိမ်စာ နဲ့ သုတေသနစာတမ်းလုပ်နေသော ကျောင်းသား / ကျောင်းသူများ။
2. ဇာတ်လမ်းများ၊ ဆောင်းပါး စိတ်ကူးစိတ်သန်း အသစ်အဆန်း တွေကို ရှာဖွေနေသော စာရေးဆရာများ။
3. Social Media Marketing နယ်ပယ်မှ Professional များ။
4. အကြောင်းအရာတစ်ခုအတွက် မတူထူးခြားတဲ့ အမြင်သစ်တွေကို လိုချင်သော သုတေသီများ။
5. ပြဿနာနဲ့စိန်ခေါ်မှုတွေအတွက် ဖြေရှင်းနည်းရှာနေသော ကိုယ်ပိုင်လုပ်ငန်းစီးပွားရေးသမားများ။
6. သင်ခန်းစာများအတွက် နည်းလမ်းရှာနေသောဆရာများ။
7. အလုပ်လျောက်ထားဖို့ ပြင်ဆင်နေသူများ။
8. တီထွင်ဖန်တီးမှုတွေအတွက် ကုန်ကြမ်းရှာဖွေနေကြတဲ့အနုပညာရှင်များ။
9. နည်းပညာဆိုင်ရာ အယူအဆများ နဲ့ တွေးခေါ်စမ်းသပ်မှုများကို လိုအပ်နေတဲ့ Engineer များ။
10. ကုဒ်ရေးသားတဲ့နေရာမှာ အမှားရှာဖွေရ ခက်နေသော ပရိုဂရမ်မာများ။
11. ဆေးဘက်ဆိုင်ရာ နဲ့ ကုသမှုဆိုင်ရာတွေလုပ်ကိုင်နေသော ဆရာဝန်များ နဲ့ ကျန်းမာရေးစောင့်ရှောက်မှုပိုင်းဆိုင်ရာ ကျွမ်းကျင်သူများ။
12. သီအိုရီ နဲ့ စမ်းသပ်မှုတွေကို ရှာဖွေနေတဲ့ သိပ္ပံပညာရှင်များ။
13. နယ်ပယ်ပေါင်းစုံက သုတေသနပညာရှင်များ။
14. Market Research သို့မဟုတ် Proposal များရေးဆွဲရာတွင် အကူအညီလိုအပ်နေသော Freelancer သိုမဟုတ် Business Owner များ။
15. အခက်တွေ့နေသောဘာသာပြန်သူများ။
16. ဝါသနာအသစ်ကို ရှာဖွေနေသူများ။
17. ပြဿနာဖြေရှင်းနည်းကို ရှာဖွေနေသူများ။
18. အသစ်အဆန်းတစ်ခုကို သင်ယူလိုသူများ။
19. သက်ဆိုင်ရာ ပရောဂျက် ပြသာနာ တွေအတွက် အကြံခန်းခြောက်နေသူများ။
20. ကိန်းဂဏန်းနဲ့အသေးစိတ်အချက်အလက်ေတွကို ရှာဖွေနေသူတွေပါ။
ကဲ အထက်မှာပြောထားခဲ့တဲ့ လူစားရင်းထဲ သင်ပါဝင်နေမယ်ဆိုရင်တော့ (မြန်မာ) ChatGPT လေးကို စမ်းသပ်သုံးစွဲကြည့်သင့်ပါတယ်လို့ အကြံပေးပါရစေခဗျာ။
(မြန်မာ) ChatGPT လေးကို အသုံးပြုချင်းအားဖြင့်
1. မူရင်း ChatGPT မှာလို Sign Up / Log in ပြသာနာ မရှိဘူး။ မိမိဖုန်းမှာ Messenger , Viber , Telegram ရှိတာနဲ့ အလွယ်တကူ ချက်ချင်း မေးမြန်းနိုင်တာပါ။
2. ChatGPT သုံးဖို့ English ဘာသာစကား အစအဆုံး လေ့လာစရာ မလိုဘူး။ ကိုယ်ပိုင် မြန်မာ ဘာသာစကားနဲ့အလွယ်တကူ သုံးစွဲနိုင်တာပါ။
3. Google Play Store / Apple Store ကနေ APK တွေလို ဖုန်းအလေးခံပြီး Install လုပ်စရာမလိုဘူး။ Application Install လုပ်မယ်လည်းဆိုရော Storage နဲ့ Memory ပြည့်များနေပြီလားဆိုပြီး မသိစိတ်ကနေ စိုးရိမ်ပူပန်နေစရာမလိုပါဘူး။ ကိုယ့်ဖုန်းထဲမှာ အသင့် Install လုပ်ပြီးသား Messaging Application ၃ ခုထဲက ၁ ခုရှိတာနဲ့ အလွယ်ကူ စတင်သုံးစွဲနိုင်တာပါ။
4. VPN အကြောင်းစဉ်းစားစရာမလိုဘူး။ ChatGPT သုံးဖို့ VPN ပိတ်ရဉီးမယ်။ Messenger သုံးဖို့ VPN ဖွင့်ရဉီးမယ်ဆိုတာမျိုး စိတ်ညစ်စရာမလိုတော့ပါဘူး။ VPN ဖွင့်ထားရင် Messenger မှာအလွယ်တကူသုံးလို့ရမယ့်အပြင် VPN ပိတ်ထားလည်း Viber မှာသုံးမလား ဒါမှမဟုတ် Telegram မှာသုံးမလား စိတ်တိုင်းကျ Messaging Channel 3 ခုစလုံးမှာ အသုံးပြုနိုင်လို့ပါဘဲ။
5. Visa /Master Card မလိုဘူး။ အဆင့်မြှင့်ထားတဲ့ AI function တွေကို သုံးစွဲဖို့အတွက် Visa / Master Card တွေ ဘဏ်တွေအထိသွားပြီး ငွေကြေးလဲလှယ်ရတဲ့ ဒုက္ခတွေမရှိပါဘူး။
လူသုံးအများဆုံး Messaging Channel 3 ခုဖြစ်တဲ့ “Messenger , Viber & Telegram Channel 3” ခုစလုံးမှာ အသုံးပြုလို့ရတဲ့အပြင် အခမဲ့ကိုလည်း စိတ်တိုင်းကျ သုံးလို့ရတယ်ဆိုတော့ အတိုင်းထက်အလွန်ပေါ့။ လုပ်ငန်းသုံးအတွက် ပိုမိုပြီးပြည့်စုံတဲ့ Version ကိုအဆင့်မြှင့်တင်ချင်တယ်ဆိုရင်တော့ Pro Plan လေးကို Recommend လုပ်ပါတယ်နော်။
ကဲ ခု Post အောက်မှာလည်း အခမဲ့ ကိုယ်မေးချင်တာတွေကိုမေးလို့ရအောင် NAL ရဲ့ AI Assistant ‌လေးကို တပ်ဆင်ပေးထားလို့ AI လေးက မေးသမျှကို မဆိုင်းမတွ ချက်ချင်းဖြေကြားပေးပါလိမ့်မယ်နော်။
ထင်ကျော်
09 960 60 6556
info@chatbotmm.com

0 Comments