"AI ကိုသုံးပြီး Web app တွေတည်ဆောက်ချင်သူတွေအတွက် Imagica. AI"

 

စိတ်ဝင်စားဖို့ကောင်းတဲ့ ai application တစ်ခုကို ဒီနေ့တော့ မျှဝေပေးချင်ပါတယ်။ အဲဒါကတော့ Web application တွေကို AI အကူအညီနဲ့ တည်ဆောက်လို့ရမယ့် Imagica. ai ဘဲဖြစ်ပါတယ်။ ဘယ်လို Application တွေတည်ဆောက်နိုင်မလဲ ဆိုရင် image generation, text generation, youtube video search, (commerce) ...တွေတော့ လတ်တလော ထည့်သွင်းအသုံးပြုလို့ရတော့တော့ တွေ့ပါတယ်။ ကျနော့်အလှည့်တုန်းကတော့ waiting list ပေးပြီး ၁/၂ လလောက် မှာ အသုံးပြုခွင့်ရပါတယ်။ Business Email နဲ့ register လုပ်ရင်တော့ မြန်မြန် ခွင့်ပြုပေးတယ်ထင်ပါတယ်။ Business email မရှိလည်း gmail နဲ့လည်း waiting list ပေးထားရင် သူတို့ခွင့်ပြုပေးမှာပါဘဲ။ AI ကိုစိတ်ဝင်စားတဲ့သူတွေ လေ့လာဖို့အတွက် ဒါမှမဟုတ် ဗဟုသုတ ၁ ခုအနေနဲ့ မျှဝေပေးလိုက်ပါတယ်ခဗျာ။
နောက်ရက်တွေမှာကော (မြန်မာ) ChatGPT AI Chatbot လေးကို ဘာတွေ မေးမြန်းခိုင်းစေလို့ရလဲဆိုတာလေးတွေကို ဆက်လက်တင်ပြနေမှာမို့လို့ Page ကို Like and Follow လေးလုပ်ထားပေးကြပါဉီး။

0 Comments