Original ChatGPT ဆိုတာကတော့ မူရင်း OpenAI ရဲ့ ChatGPT အတိုင်းအသုံးပြုနိုင်အောင် NAL ရဲ့ Chat Applications 3 ခုဖြစ်တဲ့ Messenger, Viber, Telegram Channel 3 ခုစလုံးမှာထည့်သွင်းပေးထားတာဘဲဖြစ်ပါတယ်။ မူရင်း ChatGPT ဖြစ်လို့ မြန်မာလို ဖြေဆိုခိုင်းဖို့အတွက် မျော်လင့်လို့မရပါဘူး။ English ဘာသာ ကို အဓိကထားသုံးတဲ့သူများအတွက် သင့်လျော်ပါတယ်။ Icon လေးကို အစိမ်းရောင်လေးနဲ့ အလွယ်တကူ ခွဲခြားနိုင်အောင် သတ်မှတ်ပေးထားပါတယ်။
Get started (Welcome Message) / Sample Chatbots / Original ChatGPT အတိုင်းသွားရောက်ပြီးသုံးစွဲနိင်ပါတယ်။ ထုံးစံအတိုင်း ကိုယ်မေးချင်တဲ့မေးခွန်းကို ၁ ခွန်းရိုက်ထည့်ပြီး ခဏစောင့်ပေးလိုက်ရင် အဖြေ ကျလာမှာဘဲဖြစ်ပါတယ်။ ကျလာတဲ့ အဖြေ ရဲ့အောက်နှားမှာ Bubble လေး ၂ ခုရှိမှာဖြစ်ပြီး Continue ကိုနှိပ်လိုက်ရင် ကိုယ်မေးထားတဲ့မေးခွန်းကိုဖြေကြားထားတာမပြီးသေးဘူးဆိုရင် ဆက်လက် ဖြေကြားပေးမှာဘဲဖြစ်ပါတယ်။ ဒါပေမယ့် သူက ရှေ့မှာ အဖြေရလဒ်မရထားရင်တော့ ဖြေကြားမှာမဟုတ်ပါဘူး။ နောက်ထပ် Bubble ၁ ခုက Chatbots လို့ရေးထားပါတယ်။ သူ့ကို နှိပ်လိုက်ရင် NAL ရဲ့ အသုံးပြုနိုင်တဲ့ Chatbot တွေတန်းစီထားတဲ့နေရာကို ရောက်ရှိသွားပြီးတော့ ကိုယ်ကြိုက်နှစ်သက်ရာ Chatbot တွေကို ပြန်လည် ရွေးချယ် အသုံးပြုနိုင်မှာလည်း ဖြစ်ပါတယ်။
အခမဲ့ လား ပိုက်ဆံပေးရမှာလား ဆိုရင်တော့ လတ်တလောတော့ ကန့်သတ်ထားတာမျိုးမရှိသေးပါဘူး။ နောက်ဆုံးပေါ်နည်းပညာတွေကို လွယ်လွယ်ကူကူ အသုံးချနိုင်ကြပါစေခဗျာ။
နောက်ရက်တွေမှာကော (မြန်မာ) ChatGPT AI Chatbot လေးကို ဘာတွေ မေးမြန်းခိုင်းစေလို့ရလဲဆိုတာလေးတွေကို ဆက်လက်တင်ပြနေမှာမို့လို့ Page ကို Like and Follow လေးလုပ်ထားပေးကြပါဉီး။
0 Comments