"Open AI (ChatGPT) ကိုအချက်ပေးခေါင်းလောင်းတီးလိုက်ပြန်တဲ့ Elon Musk ရဲ့ xAI"

 

Tesla နဲ့ Space X တို့ရဲ့ပဲ့ကိုင်ရှင်ဖြစ်သူ Elon Musk က AI နည်းပညာနယ်ပယ်နဲ့အစိမ်းသက်သက်ဖြစ်မနေသူဆိုတာကိုအားလုံးပဲသိထားကြမှာပါ။ အခုလဲ Elon Musk က သူ့ကိုယ်ပိုင် AI နည်းပညာကုမ္ပဏီဖြစ်တဲ့ xAI အကြောင်းကို မနေ့က သူ့ရဲ့ Twitter စာမျက်နှာကနေ ကြေငြာခဲ့ပါတယ်။
Elon Musk ဟာပြီးခဲ့တဲ့ဧပြီလထဲက အမှန်ဆုံးအဖြေတွေကိုပေးစွမ်းနိုင်ပြီး TruthGPT လို့သတ်မှတ်လို့ရမယ့် AI နည်းပညာကိုတီထွင်သွားဖို့ရှိတယ်လို့ပြောကြားခဲ့ဖူးတာက သိပ်မကြာခင်မှာ xAI အဖြစ်အသက်ဝင်လာတော့မှာပါ။ xAI မှာ CEO ဖြစ်တဲ့ Elon Musk အပါအဝင် တာဝန်ထမ်းဆောင်နေကြတဲ့ဝန်ထမ်းအများစုက DeepMind၊ OpenAI၊ Google Research၊ Microsoft Research၊ Tesla နဲ့ University of Toronto တို့မှာအလုပ်လုပ်ကိုင်ခဲ့ကြဖူးသူတွေဖြစ်သလို လက်ရှိ xAI ရဲ့ Website မှာဖော်ပြထားသလောက်ဝန်ထမ်းတွေအကုန်လုံးကထူးဆန်းစွာနဲ့အမျိုးသားတွေပဲဖြစ်နေပြန်ပါတယ်။ ဒါ့အပြင် Bay Area မှာ Technical Staff အဖြစ်အလုပ်လုပ်ကိုင်လိုတဲ့ Engineer နဲ့ Researcher တွေကိုလဲ အလုပ်လျှောက်ထားနိုင်ကြောင်းဖိတ်ခေါ်ထားပါသေးတယ်။ xAI က Elon Musk ရဲ့ X Corp ကုမ္ပဏီနဲ့မသက်ဆိုင်တဲ့သီးခြားကုမ္ပဏီဖြစ်ပြီး Twitter နဲ့ Tesla အပြင်တခြားကုမ္ပဏီတွေနဲ့ပါပူးပေါင်းလုပ်ဆောင်သွားဖို့ရှိတယ်လို့ကြေငြာထားပါသေးတယ်။
xAI ကလက်ရှိမှာထုတ်ပြန်ကြေငြာတဲ့အဆင့်မှာပဲရှိနေသေးပြီးနောက်ထပ် AI နည်းပညာနဲ့ပတ်သက်ပြီးအလန်းစားတွေပါချပြပေးသွားမယ်လို့ သူတို့ရဲ့ Website မှာပြောထားသေးတဲ့အတွက် xAI ရဲ့ ရည်မှန်းချက်ဆောင်ပုဒ်လေးဖြစ်တဲ့ 'စကြာဝဠာရဲ့တကယ့်စစ်မှန်တဲ့သဘာဝကိုသိနားလည်ခြင်း' အတိုင်းအကောင်အထည်ပေါ်လာပါ့မလားဆိုတာကိုတော့ရင်ခုန်စိတ်လှုပ်ရှားစွာစောင့်ကြည့်ရပါလိမ့်မယ်။
နောက်ရက်တွေမှာကော (မြန်မာ) ChatGPT AI Chatbot လေးကို ဘာတွေ မေးမြန်းခိုင်းစေလို့ရလဲဆိုတာလေးတွေကို ဆက်လက်တင်ပြနေမှာမို့လို့ Page ကို Like and Follow လေးလုပ်ထားပေးကြပါဉီး။

0 Comments