ပုံမှန်ဆို မေးလိုက်ရင် ဖြေမှာဘဲလို့တွေးလို့ရပေမယ့် AI Chatbot တွေကလည်း သူ့ကို လေ့ကျင့်သင်ကြားပေးကြားပေးတဲ့သူတွေက လူတွေဘဲမို့လို့ လူတစ်ယောက်ကို မေးမြန်းသလို ခံစားပြီး ကိုယ်လိုချင်တဲ့အဖြေကို မေးမြန်းတက်ရင် အဖြေရတာ ပိုမြန်ပါတယ်။ ကိုယ်စတင်လိုက်တဲ့ မေးခွန်းက စစချင်းမှာဘဲ စာလုံးပေါင်းကလည်း မှား ၊ အဓိပ္ပာယ်ကလည်း မပြည့်စုံ ၊ မေးခွန်းကြီးကလည်း အရှည်ကြီး….စသဖြင့်ပေါ့ အဲဒီလိုမျိုးဆို Chatbot က ပြန်လည်ဖြေကြားဖို့ သူနားမလည်တော့ပါဘူး။ ဒါကြောင့် အဲဒီလိုမျိုးမဖြစ်အောင် ကိုယ်မေးလိုက်သမျှ မေးခွန်းကို Chatbot လေးက နားလည်အောင် အောက်ပါ အချက်တွေကို ဂရုစိုက်ဖို့ ဖော်ပြပေးလိုက်ပါတယ်။
ဒီအချက်တွေကို ဂရုစိုက်ပေးပါ။
1. (ယနေ့အထိတော့) ပုံတွေပြပြီး မေးမြန်းလို့မရသေးပါ။
2. မြန်မာမှုပြုထားသော စာလုံးများ / ဘန်းစကားများကို AI Chatbot က မသိပါ။ (ဉပမာ : မန်းလေး ၊ ဂျမန်ခန္တာ ၊ ကွီး ၊ ညလေး ၊ မန်မန်း ၊ ဝါးတီး ၊ မန်းနီး ၊ နေကန်းလား၊ )
3. Font က မြန်မာ Unicode / English နဲ့မေးမြန်းလို့ရပါတယ်။ (Zawgyi ဆိုမရပါ)
4. မေးခွန်းကို အဓိပ္ပာယ် ပြည့်စုံအောင် ရေးသားပေးပါ။ ဒါမှမဟုတ် အဓိပ္ပာယ် ရှိတဲ့ စကားလုံးစု ၁ ခုတော့ အနဲဆုံး ဖြစ်ပါစေ။
5. မေးခွန်းရှည်ရင် အပိုင်းလေးတွေ ခွဲထုတ်ပြီး ၁ ခုပြီး ၁ခု မေးမြန်းပါ။
6. ကိုယ့်မေးခွန်းမှန်ရဲ့သားနဲ့မဖြေဘူး ဆိုရင် မေးခွန်းကို ပုံစံပြောင်းမေးမြန်းပါ။
7. Chatbot ပြန်ဖြေတာက ကိုယ့်ရဲ့မေးခွန်းနဲ့လွဲနေရင် လွဲနေတယ်ထင်တဲ့ စကားလုံးကို English word ဖြင့် အစားထိုး ပြန်လည် မေးမြန်းပါ။
8. ကိုယ်မေးတဲ့အရာက နက်ရှိုင်းတာမျိုးဆို အပေါ်ယံကနေ တဆင့်ချင်းဆီ ဆွဲခေါ်မေးမြန်းပါ။ အဲတော့မှ သူက ဒီခေါင်းစဉ်နဲ့ပတ်သတ်တာကို မေးမြန်းနေတာမှန်း သိပြီး ကိုက်ညီဆီလျော်တာကို ပြန်ဖြေပေးပါတယ်။
9. အဲဒါမှ ပြန်မဖြေသေးရင် Admin ကို အကူအညီတောင်းပါ။
ဒါဆိုရင်တော့ အပေါ်ကပြောထားတာလေးတွေကို သိပြီဆိုရင် 97% လောက်ကို အစဉ်ပြေနေပြီလို့တောင်ပြောလို့ရပါတယ်။ ဘာလို့လဲဆိုရင် ကျန်တဲ့ 3% က API , Translation, Chatbot Messaging Platform Error တွေကြောင့်ဖြစ်လို့ပါဘဲ။
တလက်စတည်း မေးမြန်းချင်တဲ့သူတွေကို ဒီပို့အောက်မှာ အခမဲ့ မေးမြန်းလို့ရအောင်လည်း AI Chatbot Assistant ကို ချိတ်ဆက်ပေးထားပါမယ်။ မမေးတက်သေးသူတွေကိုလည်း ဘယ်လို မေးလို့ရလည်းဆိုတာကို လိုအပ်သလို ဖြေပေးသွားပါမယ်ခဗျာ။
Private မေးမြန်းဖို့ လိုအပ်နေတဲ့သူတွေကတော့ Messaging Apps 3 ခုမှာ စိတ်ရှိသလောက် မေးခွန်းတွေကို အခမဲ့ စိတ်တိုင်းကျမေးမြန်းလို့ရပြီး စကားလုံးအရေအတွက် အကန့်အသတ်နဲ့ ဖြေပေးပါလိမ့်မယ်။
နောက်ရက်တွေမှာကော (မြန်မာ) ChatGPT AI Chatbot လေးကို ဘာတွေ မေးမြန်းခိုင်းစေလို့ရလဲဆိုတာလေးတွေကို ဆက်လက်တင်ပြနေမှာမို့လို့ Page ကို Like and Follow လေးလုပ်ထားပေးကြပါဉီး။
0 Comments