AI အသုံးပြုနည်း မသိရင် ဘာဖြစ်နိုင်မှာမို့လို့လဲ။ သုံးချင်ရင်ကော ဘယ်လိုသုံးရလဲ။

 

လတ်တလောကတော့ AI အသုံးပြုနည်း မသိရင် ဘာမှမဖြစ်သေးပါဘူး လို့ဘဲဖြေပါမယ်ခဗျာ။ဒါပေမယ့် ခုချက်ချင်းသာမသိသာသေးပေမယ့် အချိန်ကာလ ကြာလာတာနဲ့အမျှ AI တွေကို ကျွမ်းကျွမ်းကျင်ကျင်နဲ့ ကိုယ့် ဘဝအတွက် လုပ်ငန်းအတွက် အသုံးပြုတက်သူနဲ့ ဒီတိုင်းကြီးနေနေတဲ့သူတွေနဲ့ အနာဂတ်မှာယှဉ်စရာတွေဖြစ်လာရင် အလုပ်အကိုင် ဘဝအခွင့်အရေးတွေမှာ တပန်းသာလာမှာကတော့ သိပ်စဉ်းစားစရာမလိုဘူးလို့တော့လည်း ထင်ပါတယ်ခဗျ။ အထူးသဖြင့် လူငယ်တွေကတော့ဘဝတက်လမ်းအတွက် လေ့လာဖို့ ပိုလိုအပ်တယ်လို့လည်း ထင်ပါတယ်။
လေ့လာမယ်ဆိုတဲ့နေရာမှာလည်း တချို့ နားလည်လွယ် သိလွယ် တက်မြောက်လွယ်တဲ့သူတွေအဖို့က စာလေးဖတ်လိုက်တာနဲ့ ဘယ်လို ထိမ်းသိမ်း ကိုင်တွယ် အသုံးချရမလဲ သိကြပေမယ့် တချို့အတွက်ကြတော့လည်း အခက်အခဲလေးတွေ ဖြစ်နေတာလည်းတွေ့ရပါတယ်။
ကျနော်တို့ငယ်ငယ်လေးကတည်းက လမ်းဖြတ်ကူးတက်အောင် သင်လာကြတယ်။ စက်ဘီးစီးသင်လာကြတယ်။ ကားမောင်းသင်လာကြတယ်။ Computer ဘယ်လိုသုံးမလဲသင်လာကြတယ်ပေါ့နော်။ အဲဒီလိုပါဘဲ ကိုယ်မသိတာကို သင်ကြတဲ့ လမ်းကြောင်းမှာ တခါတလေကြတော့ အလွယ်တကူ လိုရာရောက်တာ ရှိသလို တခါတလေတော့လည်း အချိန်ပေးလေ့လာကြရတာလည်း ရှိတာပေါ့ခဗျာ။
ကဲ ဆက်ရရင် AI Chatbot လေးဆီက အဖြေရဖို့ဆိုရင်လည်း ဒီလိုပါဘဲ မေးတက်မြန်းတက်ဖို့ သူ့ကို ကိုယ်မေးထားတဲ့မေးခွန်းရဲ့အနီးစပ်ဆုံး ရအောင် ဘယ်လို ကိုင်တွယ်ထိမ်းကြောင်းမေးမြန်းရလဲဆိုတဲ့ ဗဟုသုတအနဲနဲ့အများ လိုပါတယ်ခဗျ။ ကိုယ်က နေရာစိမ်းရောက်လို့ လမ်းမှာတွေ့တဲ့သူကို ကိုယ်သွားချင်တဲ့ အိမ်နေရာလိပ်စာ မေးသလိုပါဘဲ။ သေသေချာချာ တိတိကျကျ မေးမြန်းတက်ရပါမယ်။
ကိုယ်ကလမ်းမှာတွေ့လို့ တစ်ခု မေးလိုက်မယ်။ ကျနော့် အဒေါ်အိမ်ဗျာ ဒီရပ်ကွက်ထဲမှာရှိတာ ခဗျား သိလား ဆိုရင် အဲဒီမှာ ပြသာနာ စတာပါဘဲ။ ရပ်ကွက်ထဲမှာ မိန်းမကြီးတွေက အများကြီးဆိုတော့ အကုန်လုံးက သူ့ အဒေါ်ဖြစ်နိုင်နေတယ်လေ။ အဲဒီ့တော့ ကိုယ်က ကျနော့် အဒေါ် နာမည်က ဘယ်သူ၊ ဘယ်လမ်း၊ ဘယ်အိမ်နံပတ်မှာ နေတာ။ ဘယ်လိုသွားရလဲ သိလားခဗျာ ဆိုရင်တော့ ကိုယ်မေးမြန်းတာခံရတဲ့သူအနေနဲ့က သူသိရင် သိတယ် မသိရင် မသိဘူး အဖြေပြန်ရနိုင်တယ်လေနော့်။ အဲဒါကိုမှ သူကလည်း သိပ်မသိသေးဘူးဆိုရင် သိနိုင်မယ့် ထင်ရှားတဲ့ အရာတွေနဲ့ တွဲစပ်မေးမြန်းတာမျိုးလည်း လုပ်လို့ရပါတယ်။ ဒီရပ်ကွက်ထဲက ဘယ်လမ်းမကြီးနားမှာ ဆေးရုံဆေးခန်းဘေးနားမှာ / Shopping Center ကြီးနားက လမ်း / ဘယ်ဆိုင်နားမှာရှိတာမျိုး ပေါ့။ အဲဒီလို တဆင့်ပြီးတဆင့် ဆွဲထုတ်ပြီးလည်း မေးမြန်းတက်ရင် 98% အစဉ်ပြေပါတယ်။ ပြီးတော့ကိုယ်ကလည်း စကားပြောတဲ့အခါ ရှင်းရှင်းလင်းလင်းမေးမြန်းတက်ရပါမယ်။ စကားမပီ ဗူးလုံးမထွေးသွားပြောရင် တဖက်လူနဲ့ တိုင်ပတ်နေတက်တာ မြင်ဖူးကြမယ်လည်းထင်ပါတယ်။
AI Chatbot ကိုအသုံးပြုတာလည်း အဲဒီလိုပါဘဲ။
၁. ကိုယ်က Unicode သုံးပြီးမေးရပါမယ်။ AI Chatbot က တခြား Font တွေကို နားမလည်ပါဘူး။
၂. စာလုံးပေါင်းမှန်အောင်လည်းဂရုစိုက်ပါ။ တချို့စာလုံးတွေက နဲနဲလွဲတာနဲ့ အဓိပ္ပါယ်တလွဲဆီဖြစ်လို့ ဂရုစိုက်သင့်ပါတယ်။
၃. ကိုယ်ရေးလိုက်တဲ့စာသားက ပြည့်ပြည့်စုံစုံနဲ့ အဓိပ္ပာယ်ရှိရင် ကိုယ်လိုချင်တာကို အဖြေရတာမြန်ပါတယ်။
၄. ကိုယ်မေးတာကို AI Chatbot ဖြေတာက မပြည့်စုံသေးဘူးလို့ ယူဆရင် ကိုယ့်ရဲ့မေးခွန်းစာသားကို ပြောင်းလဲမေးမြန်းတက်ရပါမယ်။ မေးခွန်းတူနေသရွေ့ကတော့ အဖြေတူနေမှာဘဲလို့ အကြမ်းဖျင်း မှတ်လို့ရပါတယ်။
၅. တကယ်လို့ ကိုယ်လိုချင်တာနဲ့ သူဖြေတာနဲ့က တခြားစီဖြစ်နေပြီဆိုရင် လွဲမှားပြီးဖြေနေတဲ့ စာလုံးကို English စာလုံး ရိုက်ထည့်ပြီး ပြန်မေးရင် အဖြေမှန် ရပါတယ်။
၆. ChatGPT AI LLM Model အများစုက Knowledge Limit ရှိပါတယ်။ သူတို့က လူသားတွေတည်ဆောက်ထားတာဖြစ်လို့ အကန့်အသတ်ရှိပါတယ်။ လတ်တလော အဖြစ်အပျက်တွေကိုမေးမြန်းရင်သူတို့သိမှာမဟုတ်ပါဘူး။ Search Engine တွေကိုမေးရင်တောင် Internet မှာရှိတာကိုဘဲ သူတို့ဖြေကြားနိုင်မှာပါ။ မြန်မာနိုင်ငံက အချက်အလက်တချို့က Internet မှာ မရှိပါဘူး။ လတ်တလော အိမ်ခြံမြေဈေး ၊ ရွှေဈေးတွေက တရားဝင် Internet မှာမတင်ကြပါဘူး။ Dollar ဈေးတောင်အနဲဆုံး ၃ မျိုး ရွှေဈေးက အနဲဆုံး ၂ မျိုးလောက်ရှိနေတဲ့ ခေတ်ကြီးဖြစ်နေတာကိုလည်း သတိပြုဖို့ လိုပါတယ်။
တခုရှိတာက AI Chatbot အသုံးပြုတက်ဖို့ အချိန်ယူရတာ စက်ဘီးစီးသင်ရသလောက်တောင် မကြာပါဘူး။ ကိုယ်တကယ်သာ AI Chatbot တွေကို ကျွမ်းကျွမ်းကျင်ကျင် လိုရာဖြေအောင် မေးမြန်းတက်သွားပြီဆိုရင် ၂၄ နာရီ အချိန်မရွေးဖြေကြားပေးမယ့် အစစအရာရာ ကျွမ်းကျင်သူတစ်ယောက်ကို အိပ်ထောင်ထဲထားထားသလိုကို အကျိုးရှိတာဘဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ဘဝအတွက် အလုပ်အကိုင်အတွက် လူမှုရေး စီးပွားရေး ရုပ်စွအဆုံး ကျန်းမာရေးအတွက်တောင် အသုံးချလို့ရတဲ့ အရမ်းကိုအကျိုးရှိတဲ့ နည်းပညာလည်းဖြစ်ပါတယ်။
နောက်ရက်တွေမှာကော (မြန်မာ) ChatGPT AI Chatbot လေးကို ဘာတွေ မေးမြန်းခိုင်းစေလို့ရလဲဆိုတာလေးတွေကို ဆက်လက်တင်ပြနေမှာမို့လို့ Page ကို Like and Follow လေးလုပ်ထားပေးကြပါဉီး။

0 Comments