(မြန်မာ) ChatGPT လေးဆီကနေ မှန်ကန်တဲ့အဖြေကိုလိုချင်ရင် ကိုယ်ထည့်သွင်းမေးလိုက်တဲ့ မေးခွန်းတွေဟာ Chatbot နားလည်လောက်မယ့် ပြည့်စုံတဲ့ စာသားဖြစ်ဖို့လိုသလို ၊ စာလုံးပေါင်းလည်း မှန်ကန်မှ Chatbot လေးက ကိုယ်မေးတာကို သေချာနားလည်ပြီး အဖြေကို လိပ်ပတ်လည်အောင် ဖြေနိုင်မှာကို သတိပြုဖို့လည်း လိုပါတယ်နော်။
ဉပမာ :
xxx ကာအကြောင်ပြောပါ
xxx ကားအကြောင်းပြောပါ
ဒီ ၂ ခုမှာ Chatbot လေးက မှန်မှန်ကန်ကန်ဖြေဖို့အတွက်ဆို ဘယ် ၁ ခုကိုဘဲ မှန်မှန်ကန်ကန်ဖြေမယ် ထင်ကြလဲ ညိုကီတို့ရေ။ ဒုတိယရေးထားတဲ့ "xxx ကားအကြောင်းပြောပါ" ဆိုတဲ့ မေးခွန်းအတွက်ဘဲ Chatbot လေးက အနီးစပ်ဆုံးမှန်ကန်အောင် ဖြေပေးမှာဖြစ်ပါတယ်။ AI Chatbot တွေက လူတွေရဲ့ စကား မေးခွန်းတွေကို နောက်ဘာလာမလဲဆိုတဲ့ စကားတွေကို Prediction လုပ် ခန့်မှန်းပြီး ဖြေဆိုနေကြတာလည်း ဖြစ်တဲ့အတွက် ကိုယ့်ရဲ့ ထည့်သွင်းလိုက်တဲ့ စာသားပေါ်မူတည်ပြီး အပြောင်းအလဲ အဖြေကို ထုတ်ပေးနေကြတာလည်းဖြစ်ပါတယ်။ တချို့စာသားတွေမှာ စာလုံးပေါင်းမှားလည်း သိပ်မသိသာဘဲ AI Chatbot တွေကမှန်ကန်စွာ ခန့်မှန်းနိုင်ပေမယ့် စာလုံးပေါင်း အနဲအကျဉ်း လွဲတာနဲ့ အဓိပ္ပာယ်လွဲသွားနိုင်တဲ့ စာလုံးမျိုးပါဝင်သွားရင်တော့ Result ကသိသိသာသာကွဲပြီး Chatbot လေးရဲ့အဖြေကလည်း ကိုယ်ရိုက်ထည့်လိုက်တဲ့ စာလုံးအတိုင်း အဖြေကိုထုတ်ပေးမှာဖြစ်လို့ မှန်ကန်တဲ့ အနီးစပ်ဆုံးအဖြေကို ရရှိဖို့ဆိုရင်တော့ စာလုံးပေါင်းလေး မှန်ကန်ဖို့ အရေးကြီးတယ်ဆိုတဲ့အကြောင်းလေးမျှဝေလိုက်ပါတယ်။
0 Comments