(မြန်မာ) ChatGPT လေးရဲ့ Pro နဲ့ Free Plan ဘာတွေကွာခြားလဲ?

 


ဒီမေးခွန်းလေးရဲ့အဖြေကိုအောက်မှာ အသေးစိတ် ဖတ်ကြည့်ပေးပါခဗျာ။
Complete Answer : Free Plan မှာ ကြိုက်သလောက် မေးခွင့်ရှိတယ် ဒါပေမယ့် စကားလုံးအရေအတွက် အကန့်အသတ် နဲ့ဘဲ အဖြေကိုမြင်ရမှာပါ။ Pro Plan Subscriber တွေမှာတော့ ပြီးပြည့်စုံတဲ့ အဖြေကို ရရှိနိုင်မှာဖြစ်ပါတယ်။
Better AI Response : Free Plan မှာလည်း AI ဖြေမှာ Pro Plan မှာလည်း AI ဖြေနေတာဘဲဆိုပေမယ့် နောက်ကွယ်က ချိန်ညှိထားတဲ့ AI Setting က မတူပါဘူး။ Pro Subscriber တွေအတွက် သုံးပေးထားတဲ့ AI က ပိုမိုကောင်းမွန်တဲ့ ချိန်ညှိမှုကို ပြုလုပ်ပေးထားပါတယ်။
Waiting Time : Free Plan User တွေ့မှာ အဖြေရဖို့ စောင့်ဆိုင်းတဲ့အချိန်သိသိသာသာများပေမယ့် Pro Plan User တွေကတော့ အချိန်ကြာကြာမစောင့်ဆိုင်းရဘဲ လိုချင်တဲ့အဖြေကို ရရှိနိုင်မှာလည်း ဖြစ်ပါတယ်။
3 Channels : Free Plan မှာတော့ Messenger Channel 1 ခုသာ သုံးစွဲခွင့်ရှိပေမယ့် Pro Subscriber တွေအတွက်ကတော့ Messaging Channel 3 ခုဖြစ်တဲ့ Messenger အပြင် Viber , Telegram ကိုပါ သုံးစွဲခွင့်ရရှိမှာလည်းဖြစ်ပါတယ်။
Early AI Program Access : Pro User တွေအနေနဲ့ NAL ရဲ့ နောက်ပိုင်း ထွက်ရှိလာမယ့် AI နဲ့ပတ်သတ်တဲ့ Function မှန်သမျှကို အစောဆုံး သုံးစွဲခွင့်ရရှိမှာလည်း ဖြစ်ပါတယ်။
Customer Support : Pro Subscriber တွေအတွက် လိုအပ်သလိုအထောက်အပံ့တွေကို ပိုမိုလျင်မြန်စွာ ဉီးစားပေးတုံ့ပြန်သွားမှာလည်း ဖြစ်ပါတယ်။
အားလုံးဘဲ အစဉ်ပြေချောမွေ့ကြပါစေ။

0 Comments