"Google ရဲ့ ဆက်တိုက်ထွက်ရှိလာနေတဲ့ အလန်းစား Feature နဲ့ Update အသစ်များ"

 



ပြီးခဲ့တဲ့ Google I/O 2023 မှာဆိုရင် Google ကနောက်ပိုင်းမှာထပ်ထည့်ပေးသွားမယ့် Feature နဲ့ Update တွေကိုကြေငြာသွားခဲ့ပါတယ်။ဒီထဲမှာဆိုရင်အဓိကအားဖြင့် AI နည်းပညာကိုထည့်သွင်းအသုံးပြုသွားမယ့်သဘောမှာရှိပါတယ်။ Update အချို့ကိုပြောပြပေးရမယ်ဆိုရင်-
၁) Gmail, Maps နဲ့ Photos တို့မှာ AI နည်းပညာကိုထည့်သွင်းပေးသွားပါတော့မယ်
Gmail မှာဆိုရင် Help Me Write ဆိုတဲ့ စနစ်ကိုထည့်သွင်းပေးသွားတော့မှာဖြစ်ပါတယ်။ ဥပမာအနေနဲ့ Help Me Write က Customer Service Email လိုမျိုးကို reply ပြန်ပေးနိုင်ပြီးယခင် Email တွေရဲ့ အော်ဒါအချက်အလက်တွေလိုမျိုးအရေးကြီးတဲ့အကြောင်းအရာတွေကိုထည့်သွင်းပေးနိုင်ပါတယ်။ ဒါ့အပြင် reply ကိုမိမိစိတ်ကြိုက်ပုံစံအတိုင်းဖန်တီးလို့ရပြီးမပို့ခင်အမှားပြန်ပြင်ပြီးစစ်ဆေးနိုင်ပါသေးတယ်။ Google Maps မှာဆိုရင် Immersive View ကြောင့် မြေပြင်လမ်းကြောင်းတွေကို 3D ပုံရိပ်နဲ့မြင်ရတော့မှာဖြစ်သလိုယာဉ်ကြောအခြေအနေကိုပါကြည့်လို့ရအောင်လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။ Immersive View ကိုဒီနှစ်နောက်ပိုင်းမှာမှစတင်အသုံးပြုလို့ရမှာဖြစ်ပြီးNew York၊San Francisco၊London နဲ့ Tokyoအပါအဝင်မြို့ပေါင်း၁၅မြို့ကိုအရင်ဆုံးအသုံးပြုနိုင်အောင်လုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။Google Photos မှာဆိုရင်လဲ Magic Editor ဆိုတဲ့ AI နည်းပညာသုံးPhotoshop ကိုထည့်သွင်းပေးသွားမှာဖြစ်ပြီး သူ့မှာပါတဲ့ Magic Eraser ကြောင့်တိမ်လိုမျိုးအရာတွေကိုတောင်အလွယ်တကူဖယ်ရှားပစ်နိုင်ပါတယ်။ Magic Editor က တိမ်တွေကိုဖယ်ပစ်လို့ရရုံတင်မက ဓာတ်ပုံ frame အတိုင်းလူတွေရဲ့နေရာအနေအထားကိုပြင်လို့ရတဲ့အပြင်နောက်ခံ Background ကိုပါစိတ်ကြိုက်ပြုပြင်လို့ရပါတယ်။ဒါ့အပြင်မူရင်းဓာတ်ပုံကနေဖြတ်လိုက်တဲ့အပိုင်းတွေကိုပြန်လည်ဖန်တီးလို့ရတာကသူ့ရဲ့အကြီးမားဆုံးအားသာချက်တစ်ခုဖြစ်ပါတယ်။
၂) Google Bard ကိုလူတိုင်းအသုံးပြုလို့ရလာပါတော့မယ်
Google ရဲ့ ကိုယ်ပိုင် AI စနစ်ဖြစ်တဲ့ Bard ကိုအားလုံးပဲသိကြမှာပါ။ Bard ကိုမကြာခင်မှာလူတိုင်းအသုံးပြုလို့ရအောင်လုပ်ဆောင်ပေးသွားမယ်လို့ကြေငြာသွားပါတယ်။ Bard ကို ဂျပန်နဲ့ကိုရီးယားဘာသာစကားအပါအဝင်ဘာသာစကားအမျိုးပေါင်း၄၀ကျော်နဲ့စကားပြောလို့ရလာတော့မှာပါ။ဒါ့အပြင် Bard ကနေ spreadsheet တစ်ခုကိုဖန်တီးပြီး Google Sheets ဆီပို့လို့ရအောင်ပါလုပ်ဆောင်ပေးသွားမှာဖြစ်ပါတယ်။
၃) Google Bard မှာ Adobe Firefly က AI ပုံတွေအသုံးပြုလို့ရလာတော့မယ်
Google နဲ့ Adobe တို့ကလက်တွဲလိုက်ကြပြီဖြစ်တဲ့အတွက် မကြာခင် Google Bard မှာ Adobe Firefly က AI ပုံတွေကိုရှာဖွေလို့ရလာတော့မှာပါ။ Google Bard ကနေပဲ စာနဲ့ရိုက်ရှာတာထက် Prompt တွေကိုသုံးပြီး Firefly ကပုံတွေကို လိုချင်တဲ့အတိုင်းရလာတော့မှာဖြစ်ပါတယ်။
၄) Google Search မှာ AI စနစ်ကိုထည့်သွင်းပေးသွားတော့မယ်
ယခင်က Google Search မှာဆိုရင်သိချင်တာတစ်ခုခုကိုရိုက်ရှာလိုက်ပြီဆိုတာနဲ့ link တွေအများကြီးအရင်တွေ့ရမှာပဲဖြစ်ပါတယ်။ အခုဆိုရင်တော့ တစ်ခုခုကိုရှာလိုက်ပြီဆိုရင် ထိပ်ဆုံးမှာ AI Snapshot တွေကိုအရင်တွေ့ရမှာဖြစ်ပါတယ်။ Snapshot မှာဆိုရင်အဓိကပါဝင်တာကတော့ AI ကရေးပေးထားတဲ့ အကျဉ်းချုပ်ပဲဖြစ်ပါတယ်။ ဒါ့အပြင်သူ့ရဲ့ဘေးမှာ ဆောင်းပါးနဲ့ဈေးဝယ်လို့ရတဲ့ထုတ်ကုန်ကြော်ငြာတွေပါဝင်ပြီးဒါတွေကအဓိကမဟုတ်တော့ပါဘူး။တကယ်ကွာခြားသွားတာကတော့
New Conversational ChatBar မှာမေးခွန်းမေးလို့လာတာဖြစ်ပြီးမေးလိုက်တာနဲ့နောက်ထပ် AI Snapshot တစ်ခုကိုပြသပေးသွားမှာပါ။အောက်ကိုဆက်ကြည့်လိုက်မယ်ဆိုရင်တော့အရင်အတိုင်းlinkတွေကိုတွေ့ရမှာပဲဖြစ်ပါတယ်။အသုံးပြုသူတွေအတွက်အရင်ထက်ပိုပြီးထိရောက်တဲ့အဖေြတွေကို Google Searchအသစ်ကပေးစွမ်းနိုင်တော့မှာပါ။
၅) Universal Translator ကိုထည့်သွင်းပေးသွားမယ့် Google
ရုပ်ရှင်တွေကစလို့တခြားသောဗီဒီယိုတွေအထိ ဘာသာစကားအစုံကိုသုံးမယ်ဆိုရင် ဘာသာပြန်ပြီးအကြိမ်ပေါင်းများစွာပြောဆိုရတဲ့ဒုက္ခတွေရှိပါတယ်။ Google ရဲ့ Universal Translator က AI နည်းပညာကိုအသုံးပြုထားတဲ့အတွက် ဗီဒီယိုထဲကစကားပြောတွေကိုဘာသာစကားမျိုးစုံအတွက်ဘာသာပြန်ပေးနိုင်ပြီးမူရင်းဗီဒီယိုရဲ့ပါးစပ်အလှုပ်နဲ့ကိုက်အောင်ပါလုပ်ဆောင်ပေးနိုင်လာမှာဖြစ်တဲ့အတွက်ကြောင့်အရင်ထက်ပိုပြီးအချိန်ကုန်သက်သာလာမှာတော့အသေအချာပါပဲ။ AI နည်းပညာတွေ တနင့်တပိုးကြီး ထည့်သွင်းထားတဲ့ Google ရဲ့ Feature အသစ်တွေကတော့ တဖြည်းဖြည်းနဲ့ စိတ်ဝင်စားစရာဖြစ်လို့လာပါပြီ။
နောက်ရက်တွေမှာလည်း ဗဟုသုတ ရစေမယ့် အကြောင်းအရာလေးတွေ တင်ဆက်ပေးသွားမှာမို့လို့ page ကို like and follow လုပ်ထားပေးပါခဗျာ။

0 Comments