"စာသား, အသံ, ဓာတ်ပုံ နဲ့ Video တွေပါထည့်သွင်း ဆက်သွယ်လို့ရမယ့် GPT-4 မကြာခင်ရက်ပိုင်းအတွင်း ထွက်ရှိလာတော့မယ်"

 





ပြီးခဲ့တဲ့ 9 ရက် March လမှာ ကျင်းပခဲ့တဲ့ "AI in Focus - Digital Kickoff" Event မှာ Microsoft Germany ရဲ့ CTO ဖြစ်သူ "Andreas Braun" က Microsoft Bing မှာ GPT-4 စနစ် ကိုထည့်သွင်းအသုံးပြုသွားမှာဖြစ်ကြောင်း Azure-OpenAI ရဲ့ Chat GPT နဲ့အလားတူ Large Language Model Service အကြောင်းတင်ပြနေစဉ်အတွင်းမှာ ပြောကြားသွားခဲ့တာဖြစ်ပါတယ်။ March လဆန်းမှာ ထုတ်ခဲ့တဲ့ Open AI ရဲ့ fine tuning multimodality ဖြစ်တဲ့ Kosmos-1 နောက်ပိုင်းမှာတော့ ဒါဟာ လျှို့ဝှက်ချက် တစ်ခုအနေနဲ့ ဆက်ရှိနေတော့မှာ မဟုတ်ပါဘူး။
ဒီကြေငြာချက်ဟာ OpenAI က သူတို့ရဲ့ အသစ်ထွက်မယ့် ChatGPT မိုဘိုင်းapp မှာ GPT-4 စနစ်ကိုထည့်သွင်းအသုံးပြုသွားမယ်ဆိုပြီးကြေငြာသွားတဲ့နောက်မှာ ထုတ်ပြန်ခဲ့တာလည်းဖြစ်ပါသေးတယ်။ GPT4 ဟာဆိုရင် GPT3 ထက် သိုမှီးထားတဲ့ အချက်အလက် အဆပေါင်း 571 ဆတောင် များပြားလှပါတယ်။
GPT-4 မှာဆိုရင် ဗီဒီယိုစနစ်တွေ ပါဝင်လာမှာဖြစ်ကာ မေးခွန်းတွေကို ဗီဒီယိုနဲ့ပြန်လည်ပြသဖြေကြားပေးတာအပြင် AI အကူအညီနဲ့ ဗီဒီယိုတွေဖန်တီးတာတွေကို အဓိကလုပ်ဆောင်နိုင်လာမှာဖြစ်ပါတယ်။ GPT-4 ဟာ ယခင် GPT 3.5ထက်စာရင် ပိုမိုလျင်မြန်တိကျပြီး လူသားပိုဆန်တဲ့အဖြေမျိုးတွေကိုဖြေကြားပေးလာနိုင်မှာဖြစ်ပါတယ်။ ဒါ့အပြင်မိမိစိတ်ကြိုက်လိုချင်တဲ့အဖြေပုံစံကို ချန်နယ်အလိုက်ခွဲထားပေးထားတဲ့အတွက် စာ၊ဓာတ်ပုံ၊အသံနဲ့ဗီဒီယိုတွေကို လိုရာချန်နယ်တွေဆီသွားကာ မေးမြန်းတောင်းဆိုလို့ရလာမှာဖြစ်ပါတယ်။ Andreas Braun ပြောထားတဲ့အတိုင်း GPT4 မကြာခင် ရက်ပိုင်းအတွင် ထွက်လာမယ် ဆိုရင်တော့ ရင်ခုန်စိတ်လှုပ်ရှားစရာပါဘဲ။
AI Revolution ခုမှစတင်တော့မယ်ထင်ပါတယ်ခဗျာ။ အနာဂတ်မှာ ရုပ်ရှပ်တွေထဲကလို AI တွေက နေရာတကာ ကြီးစိုးလာမလားကတော့ ဆက်လက်စောင့်ကြည့်ရပါတော့မယ်။






0 Comments