Open AI ဟာ GPT-4 ကို တီထွင်ဖန်တီးနေပြီဖြစ်ကြောင်းကိုအားလုံးပဲသိကြမှာပါ။ ယခုအခါမှာတော့ GPT -4 ကို စတင်အသုံးပြုနိုင်ပြီဖြစ်ကြောင်းကို သူတို့ရဲ့ ဝက်ဘ်ဆိုဒ်စာမျက်နှာကတဆင့်ကြေညာလာပါပြီ။ GPT-4 မှာဆိုရင် စာတွေနဲ့မေးမြန်းတာအပြင် ဓာတ်ပုံတွေနဲ့မေးမြန်းတာကိုပါ လက်ခံပေးသွားနိုင်မှာလည်းဖြစ်ပါတယ်။ လွန်ခဲ့တဲ့တစ်နှစ်ကစတင်မိတ်ဆက်ခဲ့တဲ့ GPT-3.5 ရဲ့ လိုအပ်ချက်တွေကို ယခု GPT-4 ထဲမှာ ပိုမိုတိကျအောင်ဖြည့်သွင်းဖန်တီးပေးထားပါတယ်။
GPT-4 ဟာ ယခင် GPT-3.5 ထက်စာရင် ပိုမိုဆန်းသစ်လာပြီး တိကျသေချာတဲ့အဖြေတွေကိုဖြေပေးနိုင်လာမှာဖြစ်သလို သိမ်မွေ့နက်နဲတဲ့ညွှန်ကြားချက်တွေကိုပါ ပိုမိုကိုင်တွယ်လုပ်ဆောင်နိုင်လာမှာဖြစ်ပါတယ်။ လူသားတွေဖြေဆိုကြတဲ့ ဘာသာရပ်ဆိုင်ရာစာမေးပွဲတွေကို GPT-4 နဲ့ GPT-3.5 ကိုစမ်းသပ်ဖြေဆိုကြည့်ခိုင်းတဲ့အခါမှာ ဘာသာရပ်အလိုက် GPT-3.5 ဟာ ၁၀ရာခိုင်နှုန်းအောက်ကနေ ၈၀ရာခိုင်နှုန်းကကျော်ထိသာဖြေဆိုနိုင်ပေမယ့် GPT-4 က ၄၀ရာခိုင်နှုန်းကနေ ၁၀၀ရာခိုင်နှုန်းထိဖြေဆိုနိုင်ပါတယ်။ ဒါ့အပြင် GPT-4 မှာ Benchmark တွေကို Machine learning ပိုင်းအတွက်ထည့်သွင်းပေးထားပါတယ်။ Multiple Choice မေးခွန်းတွေရဲ့ MMLU benchmark တွေကို အခြားသောဘာသာစကားတစ်ခုချင်းစီ Azure Translate နဲ့ဘာသာပြန်ဆိုထားတာကို ဖြေဆိုခိုင်းကြည့်တဲ့အခါ GPT-4 ဟာ GPT-3.5 ထက် ပိုမိုတိကျစွာဖြေဆိုနိုင်ပါတယ်။
GPT-4 မှာဆိုရင် ဓာတ်ပုံနဲ့အတူစာသား တွေကို ပို့ကာမေးမြန်းလို့ရလာတော့မှာဖြစ်ပါတယ်။ ဒါ့အပြင်ကိုယ်ပို့ထားတဲ့ပုံအသေးစိတ်အလိုက် အနီးအစပ်ဆုံးအဖြေကိုဖြေကြားပေးနိုင်လာမှာဖြစ်ပါတယ်။ လောလောဆယ်မှာတော့ ဓာတ်ပုံနဲ့မေးမြန်းနိုင်တဲ့စနစ်ဟာ စမ်းသပ်နေဆဲအဆင့်မှာပဲရှိပါသေးတယ်။ နောက်ပြီး GPT-4 မှာ ဆိုရင် မူလ ChatGPT လို စကားပြန်ဆိုတဲ့ပုံတစ်မျိုးထဲဖြေပေးနိုင်တာမျိုးမဟုတ်တော့ပဲ မိမိစိတ်ကြိုက် AI ရဲ့ စကားပြန်ဆိုတဲ့ပုံကိုရွေးချယ်လို့ရလာမှာဖြစ်ပါတယ်။ AI မူလစကားပြောဟန်အပြင် ရှေးခေတ်စကားပြောဟန်ကစလို့ ခေတ်ဆန်ဆန်စကားပြောဆိုဟန်ထိစိတ်ကြိုက်ရွေးချယ်ပြောင်းလဲလို့ရလာမှာပါ။ နောက်ပြီး GPT-4 ဟာ GPT-3.5 ထက် ၄၀ရာခိုငိနှုန်းလောက်ပိုမိုတိကျလာတယ်ဆိုပေမယ့် တချို့သောမေးခွန်းတွေကိုဖြေဆိုတဲ့နေရာမှာ အမှန်နဲ့လွဲနေတာတွေနဲ့ အန္တရာယ်ဖြစ်စေလောက်တဲ့အဖြေတွေကို ဖြေကြားနေပါသေးတယ်။ GPT-4 ရဲ့ဒေတာတွေဟာ ၂၀၂၁စက်တင်ဘာလထိကနောက်ဆုံးဖြစ်တဲ့အတွက် အခုလက်ရှိဖြစ်ပေါ်နေတဲ့အကြောင်းအရာတွေနဲ့ပတ်သက်တဲ့မေးခွန်းတွေကို မှန်ကန်စွာဖြေဆိုနိုင်ဦးမှာမဟုတ်သးပါဘူး။ OpenAI ဟာ OpenAI Evals ဆိုပြီး GPT-4 ရဲ့ Source Code တွေကို Open-Source အဖြစ်ထားထားပေးပါသေးတယ်။ Open-Source အဖြစ်ထားထားပေးတဲ့အတွက် အသုံးပြုသူတွေဟာ Eval တွေကို ကိုယ့်စိတ်ကြိုက်အသုံးပြုလို့ရသလို ကျွမ်းကျင်သူတွေအတွက်လဲ ပြုပြင်ဖန်တီးသုံးစွဲခွင့်ရစေပါတယ်။မန့်ထဲမှာ eval အတွက် လင့်ပေးထားပါမယ်။
ပြန်ဆက်ရရင် ChatGPT Plus အသုံးပြုသူနေသူတွေကတော့ chat.openai.com ကနေတဆင့် GPT-4 ကို စတင်ရယူသုံးစွဲလို့ရပြီဖြစ်ပါတယ်။ လောလောဆယ်မှာအခမဲ့ဖြစ်ပေမယ့် နောက်ပိုင်းမှာ အသုံးပြုသူအရေအတွက်အပေါ်မူတည်ပြီး အခကြေးငွေကောက်ခံသွားနိုင်ချေရှိပါတယ်။ gpt-3.5-turbo ရဲ့ ChatCompletions API နဲ့ ဆင်တူအသုံးပြုထားတဲ့ GPT-4 ရဲ့API ကိုအသုံးပြုလိုတယ်ဆိုရင် OpenAI ရဲ့ Waitlist မှာစာရင်းပေးသွင်းထားနိုင်ပါတယ်။ မန့်ထဲမှာ Waiting list လင့်လေးထားပေးထားပါမယ်။
အသုံးပြုခွင့်ရလာပြီဆိုတာနဲ့ gpt-4-0314 မော်ဒယ်ကိုစတင်အသုံးပြုလို့ရမှာဖြစ်ပြီး အရင်ဆုံးစာနဲ့မေးမြန်းတာသာလုပ်လို့ရဦးမှာဖြစ်ကာ ပုံနဲ့မေးမြန်းတာကိုတော့ကန့်သတ်ထားဆဲပဲဖြစ်ပါတယ်။ လက်ရှိဗားရှင်းကို ဂျွန်လ ၁၄ရက် နေ့အထိအသုံးပြုခွင့်ပေးသွားမှာဖြစ်ပြီး ဗားရှင်းအသစ်ရလာခဲ့ရင် အလိုအလျောက်ဗားရှင်းမြင့်သွားမှာဖြစ်ပါတယ်။ ၁၀၀၀ တိုကင်စီကို ၀.၀၃ ဒေါ်လာနဲ့ ၀.၀၆ဒေါ်လာဆိုပြီး အခကြေးငွေပုံစံ၂မျိုးကောက်ခံသွားမယ်လို့သိရပါတယ်။ GPT-4 ဟာ တိုကင် ၈၁၉၂ခုစာ အကြောင်းအရာတွေရှိတယ်ဆိုပေမယ့် လက်ရှိမှာတော့အကြောင်းအရာပေါင်း ၃၂,၇၆၈ခု (စာမျက်နှာ၅၀ခန့်) အထိပမာဏကိုသာရှာဖွေနိုင်ပါသေးတယ်။ နောက်ပိုင်းမှာ ပိုမိုများပြားတဲ့အကြောင်းအရာတွေကိုထပ်မံရှာဖွေနိုင်အောင်လုပ်ဆောင်သွားဖို့ရှိကြောင်း OpenAI ဘက်ကပြောကြားသွားခဲ့ပါတယ်။
#nal #nalmm #chatbotmm #chatbot #manychat #ai #openai #chatgpt #bing #bingchat #gpt3 #gpt4
0 Comments