"နေ့စဉ် အသုံးပြုသူ သန်း ၁၀၀ တောင်ရှိလာပြီဖြစ်တဲ့ Microsoft Bing"

 





Microsoft ဟာ OpenAI ရဲ့ GPT 3.5 ဆိုတဲ့ AI နည်းပညာကိုအသုံးပြုထားတဲ့ Chat စနစ်ကို ပြီးခဲ့တဲ့လကစတင်မိတ်ဆက်ခဲ့ပါတယ်။ အဆိုပါ Bing Chat ကို Edge Browser မှာစတင်ထည့်သွင်းလိုက်ချိန်ကစလို့ တစ်နေ့ကို အသုံးပြုသူအရေအတွက် ၁၀၀ မီလီယံထိ ရောက်ရှိလာပါတယ်။
Microsoft ရဲ့ Bing Chat ကိုအသုံးပြုသူများလာရတဲ့အဓိကအကြောင်းရင်းကတော့ Bing Chat ဟာ OpenAI ရဲ့ ChatGPT က AI နည်းပညာကို ထည့်သွင်းအသုံးပြုထားပေမယ့် ChatGPT လို ဒေတာအချက်အလက်တွေ နောက်ကျကျန်နေခဲ့တာမျိုးဖြစ်မနေပဲ လက်ရှိကာလကဒေတာအချက်အလက်တွေအပေါ်မူတည်ကာ မေးသမျှသမာရိုးကျမေးခွန်းတွေကိုပြန်ဖြေပေးတာကစပြီး တီထွင်ဖန်တီးရေးသားတာတွေအထိလုပ်ဆောင်ပေးနိုင်ပါတယ်။ Microsoft ကိုယ်တိုင်ကလဲ Bing ရဲ့ ၁၅ရာခိုင်နှုန်းသော Chat Session တွေဟာ အသစ်အသစ်သော content တွေဖြစ်တယ်လို့ပြောကြားထားတာရှိပါတယ်။
စစချင်းတုန်းက Bing Chat ဟာတစ်ခါမေးရင် မေးခွန်း၅ခုသာမေးခွင့်ရှိပြီး တစ်ရက်ကိုမေးခွန်းအခု၅၀သာမေးခွင့်ရှိခဲ့ပေမယ့် နောက်ပိုင်းမှာ တစ်ခါမေးရင်မေးခွန်း၆ခုနဲ့ တစ်ရက်ကိုမေးခွန်း၆၀မေးခွင့်တိုးတိုးပေးလာပြီး Microsoft ရဲ့ Corporate Vice President နဲ့ Consumer Chief Marketing Officer Yusuf Mehdi က ယခု Bing Chat ကို တစ်ခါမေးရင် မေးခွန်း၁၀ခုနဲ့ တစ်ရက်ကိုမေးခွန်းအခု၁၂၀ ထိတိုးမြှင့်မေးခွင့်ပေးထားလိုက်ပါပြီလို့ ပြောကြားထားပါတယ်။ Bing Chat ကို PC မှာဆိုရင် Microsoft Edge browser ကနေအသုံးပြုလို့ရပြီး မိုဘိုင်းဖုန်းမှာဆိုရင်တော့ "Bing - Your AI copilot" ကို Android ရော iOS မှာပါ ရှာဖွေအသုံးပြုလို့ရပါတယ်။ App လင့်တွေကို မ့န်ထဲမှာ ရေးထားပါတယ်ခဗျာ။ လက်ရှိမှာတော့ အသစ်ထွက်ရှိထားတဲ့ Microsoft Bing Chat ကိုလူတိုင်းသုံးစွဲခွင့်မရသေးဘဲ waiting list ပေးထားဖို့လိုပါတယ်။

0 Comments