Meta ကုမ္ပဏီရဲ့ CEO Mark Zuckerberg ကြေငြာခဲ့တဲ့ Facebook နဲ့ Instagram အတွက် Meta Verified စနစ်ဟာ အခုရက်ပိုင်းမှာ စတင်အသက်ဝင်လာပြီဖြစ်ပါတယ်။ Meta Verified ကို Australia နဲ့ New Zealand တို့မှာစတင်အသုံးပြုခွင့်ရနေပြီဖြစ်ပြီး ကျန်တဲ့နိုင်ငံတွေမှာတော့အသုံးပြုလို့မရသေးပါဘူး။ Meta Verified ဝန်ဆောင်မှုကိုဖုန်း application platform တွေပေါ်ကနေလျောက်ထားမယ်ဆိုရင် တစ်လကို ၁၄.၉၉ ဒေါ်လာပေးဆောင်ရမှာဖြစ်ပြီး website ကနေလျောက်ထားမှာဆိုရင်တော့ တစ်လကို ၁၁.၉၉ ဒေါ်လာ ပေးဆောင်ပြီးရယူနိုင်မှာဖြစ်ပါတယ်။ Meta Verified ကိုရယူထားမယ်ဆိုရင် အကောင့်လုံခြုံရေးအတွက် Two-Factor Authentication လုပ်ထားရမယ့်အပြင် Reels နဲ့ Stories တွေမှာ Exclusive Sticker တွေရရှိပါမယ်။ Facebook သီးသန့်အတွက် တစ်လကို ကိုယ်နှစ်သက်ရာတခြားဖန်တီးသူတွေကို ထောက်ပံ့လို့ရတဲ့ Star အလုံး ၁၀၀ လည်းထပ်မံရရှိဉီးမှာဖြစ်ပါတယ်။ အကောင့်နဲ့ပတ်သက်သမျှပြဿနာကို Meta ရဲ့Auomated system တွေနဲ့လွှတ်ထားမှာမဟုတ်ဘဲ လူကိုယ်တိုင် တိုက်ရိုက်ဖြေရှင်းပေးမှာဖြစ်သလို Facebook ရော Instagram မှာပါ ကိုယ့်ရဲ့ Content တွေကို မြင်နိုင်စွမ်း Reach ပိုမိုတိုးလာစေမှာဖြစ်ပါတယ်။
Meta Verified ကို ရယူတော့မယ်ဆိုရင် ကိုယ်လက်ရှိနေထိုင်နေတဲ့နေရာမှာ အသုံးပြုလို့ရမရ အရင်ကြည့်သင့်ပြီး မရသေးဘူးဆိုရင် Meta website ထဲက Waiting List (အောက်ကမ့န်ထဲ) မှာ Sign Up ပြုလုပ်ထားနိုင်ပါတယ်။ အကယ်၍ကိုယ်လက်ရှိနေထိုင်နေတဲ့နေရာက Meta Verified အသုံးပြုလို့ရတယ်ဆိုရင် ကိုယ့်ရဲ့ Facebook နဲ့ Instagram စာမျက်နှာတွေဆီက Settings ထဲကိုဝင်ပြီး Meta Verified ကိုရွေးချယ်ပေးရပါမယ်။ ကိုယ့်ရဲ့အကောင့်က Meta Verified ကို အသုံးပြုခွင့်ရနေပြီဆိုရင် အကောင့်အောက်မှာ Meta Verified available ဆိုတဲ့စာတန်းကိုတွေ့ရမှာဖြစ်ပါတယ်။ နောက်တစ်ဆင့်ကတော့ အခကြေးငွေပေးသွင်းရမယ့်အဆင့်ပဲဖြစ်ပါတယ်။ အခကြေးငွေပေးသွင်းပြီးရင်တော့ ကိုယ့်ရဲ့နိုင်ငံသားမှတ်ပုံတင်ကတ်ကို ဓာတ်ပုံရိုက်ယူကာ Verification စတင်ပြုလုပ်နိုင်ပါပြီ။ အသက်၁၈နှစ်ပြည့်ပြီးသူတိုင်း မှတ်ပုံတင်နဲ့ Verification ပြုလုပ်ခွင့်ရှိပြီး မပြုလုပ်ခင်မှာ တစ်ခုရှိတာက ကိုယ့်ရဲ့Social Media အကောင့်နာမည်နဲ့ Profile ဓာတ်ပုံက ကိုယ့်ရဲ့မှတ်ပုံတင်ထဲက နာမည်၊ဓာတ်ပုံတွေ နဲ့ ကိုက်ညီမှုတော့ရှိရမှာဖြစ်ပါတယ်။ Verification ပြုလုပ်ပြီးသွားရင် ကိုယ့်ရဲ့အကောင့်နာမည်၊မွေးနေ့နဲ့ Profileကပုံတွေကို ထပ်မံပြောင်းလဲခွင့်မရှိတော့ပါဘူး။
Meta Verified ဝန်ဆောင်မှုအတွက် Facebook နဲ့ Instagramအကောင့်တွေကို တစ်နေရာထဲကနေပေါင်းပြီး တစ်ခါထဲရယူလို့မရပဲ Facebook နဲ့ Instagram တို့ရဲ့ သီးခြား appအသီးသီးကနေသာ အခကြေးငွေပေးသွင်းရယူနိုင်ပါတယ်။
0 Comments