Meta ရဲ့ CEO မာ့ဇူကာဘတ်ကတော့ ဒီရက်ပိုင်းမှာ အဆင့်မြင့်နည်းပညာဖြစ်တဲ့ Large Language Model Meta AI (LLaMA , Open Source) ကို researcher တွေရဲ့ လုပ်ငန်းတွေကိုကူညီပေးဖို့ရန် အသုံးပြုခွင့်ပေးလိုက်ပြီလို့ သူ့ရဲ့ News feed မှာရေးသားထားတာကိုတွေ့ရပါတယ်။
CEO Mark Zuckerberg ကတော့ 'ခုအသုံးပြုခွင့်ပေးလိုက်တဲ့ LLMs ဟာ စာသားတွေကို စကားပြောဆိုမှုတွေအတွက် ဖန်တီးပေးနိုင်သလို ရေးထားပြီးသားစာပိုဒ်တွေကိုလဲအကျဉ်းချုပ်ပြန်လည်ရေးသားခိုင်းလို့ရတဲ့အပြင် ခက်ခဲပြီးရှုပ်ထွေးတဲ့ကိစ္စရပ်တွေဖြစ်တဲ့ သင်္ချာသီအိုရီတွေဖြေရှင်းပေးတာနဲ့ Protein Structure တွေကိုခန့်မှန်းအဖြေရှာပေးတာမျိုးတွေထိ လုပ်ဆောင်လာနိုင်မှာဖြစ်ပါတယ်' လို့ ပြောကြားထားပါတယ်။
Meta ဟာ OPT-175B ဆိုတဲ့ Language Model အကြီးစားတစ်ခုကို May လဆန်း 2022 ကချပြခဲ့ဖူးပါတယ်။ ဒါ့အပြင် ယမန်နှစ်တုန်းကလဲ Galactica ဆိုတဲ့ Language Model ကို ချပြခဲ့ပေမယ့် မေးသမျှမေးခွန်းတွေကို ဘက်လိုက်ပြီး မတိကျတဲ့အဖြေတွေအဖြစ်ပြန်လည်ဖြေဆိုခဲ့တာတွေကြောင့် ပြန်လည်ရုပ်သိမ်းခဲ့ရပါတယ်။ ယခုနောက်ဆုံးချပြလိုက်တဲ့ LLaMA ကတော့ ယခင် Language Model တွေထက်ပိုမိုဆန်းသစ်ပြီး အဆင့်မြင့်လာတော့မှာဖြစ်ပါတယ်။ LLaMA ကိုလက်ရှိမှာ Meta ရဲ့ product တွေထဲ ထည့်သွင်းအသုံးမပြုသေးပေမယ့် နောက်ပိုင်းကာလတွေမှာထည့်သွင်းအသုံးပြုလာနိုင်ချေရှိပါတယ်။
0 Comments