လစဉ်အသုံးပြုသူ သန်း ၁၀၀ ထက်ပိုမိုတဲ့ ChatGPT ရဲ့ Organization OpenAI ဟာ စီးပွားရေးလုပ်ငန်းတွေရဲ့ app တွေနဲ့ website လိုဝန်ဆောင်မှုတွေမှာ ချိတ်ဆက်အသုံးပြုနိုင်ဖို့အတွက် ChatGPT API ကိုထုတ်ဖော်မိတ်ဆက်ပေးသွားပြီဘဲဖြစ်ပါတယ်။ OpenAI ကတော့ သူတို့ရဲ့ ယခု ChatGPT API အသစ်ဟာ ရှေ့ယခင်က အသုံးပြုခဲ့တဲ့ Language Model တွေထက်ဈေးပိုမိုသက်သာမှာဖြစ်သလို AI နည်းပညာအသုံးပြုထားတဲ့ Chat Conversation အဆင့်ထက်ပိုမိုသာလွန်လာမှာဖြစ်ပါတယ် လို့ပြောကြားသွားခဲ့ပါတယ်။
OpenAI ရဲ့ President နဲ့ Chairman ဖြစ်သူ Greg Brockman ကတော့ 'အကယ်၍ AI နည်းပညာကို အသုံးပြုထားတဲ့ ကျူတာဆရာတစ်ယောက်ကို ဖန်တီးလိုက်ပြီဆိုပါစို့။ ကျူတာဆရာကကျောင်းသားကို အဖြေတွေတန်းပြောပြလိုက်တာမျိုးကိုဘယ်သူမှဖြစ်စေချင်မှာမဟုတ်ပါဘူး။ ဆရာကကျောင်းသားတွေကိုနားလည်အောင်ရှင်းပြပြီး လေ့လာတဲ့နေရာမှာကူညီပေးတာမျိုးဖြစ်ရပါမယ်။ ဒီ API ကို ရှေ့ကပြောခဲ့တဲ့စနစ်မျိုးနဲ့တည်ဆောက်သွားမှာဖြစ်ပါတယ်။ ကျွန်တော်တို့က API ကိုနားလည်ရလွယ်ကူပြီး အသုံးပြုရလွယ်ကူတဲ့ပုံစံမျိုးဖြစ်အောင်ဖန်တီးသွားမှာဖြစ်ပါတယ်' လို့ပြောကြားသွားခဲ့ပါတယ်။
gpt-3.5-turbo ကို အသုံးပြုမယ်ဆိုရင် တိုကင် ၁၀၀၀ သို့မဟုတ် စာလုံးရေ ၇၅၀ အတွက် ၀.၀၀၂ ဒေါ်လာဘဲကျသင့်မှာဖြစ်ပါတယ်။ ဒီ API ကို Snapchat ရဲ့ My AI၊ Quizlet ရဲ့ Q-Chat virtual tutorနဲ့ Shopify ရဲ့ဈေးဝယ်အညွှန်းအတွက် လက်ထောက်လိုမျိုးဖြေကြားပေးမယ့်စနစ်တို့မှာ အသုံးပြုနေပြီဖြစ်သလို Instacart ကလဲ Ask Instacart ဆိုပြီး ဈေးဝယ်သူတွေကမေးလာသမျှထုတ်ကုန်ပစ္စည်းတွေမှန်သမျှကို ကုမ္ပဏီရဲ့လက်လီရောင်းဝယ်သူတွေဆီကထုတ်ကုန်ဒေတာတွေပေါ်အခြေခံပြီးပြန်လည်ဖြေကြားပေးမယ့်စနစ်ကို စတင်ဖို့ကြိုးစားနေပါတယ်။
0 Comments