ChatGPT လို့ခေါ်တဲ့ Conversational Chatbot လေးနဲ့စကားပြောမယ်ဆိုရင် ခုဖော်ပြထားတဲ့ နည်းလမ်း အခု ၂၀ ကိုသာသိထားမယ်ဆိုရင် ပိုပြီးထိရောက်ပါလိမ့်မယ်ခဗျာ။ အမှန်တကယ်တော့ ခုလို AI application တွေကို ကိုယ်ဖြစ်စေချင်တဲ့အတိုင်းလုပ်လာအောင် Result ထွက်လာအောင် communicate လုပ် / စေခိုင်းတဲ့ နည်းလမ်း / စာသား / မေးခွန်းတွေကို Prompt လို့ခေါ်ပါတယ်။ AI နယ်ပယ်မှာဆိုရင် Prompt Engineering (AI whisperers) ဆိုပြီးတော့တောင် ရှိပါတယ်။ လစာဝင်ငွေလည်း ကောင်းကြပါတယ်။ နှစ်စဉ်ဝင်ငွေ $300,000 လောက်ကနေစပြီး ကုမ္ပဏီပေါ်မူတည်ပြီး ပေးပါတယ်။ Technical Skill Demand လည်း အတော်မြင့်ပါတယ်။
ဆိုလိုချင်တာက ကျနော်တို့အနေနဲ့ ChatGPT, Midjourney တို့လို AI application တွေကိုခိုင်းစေတဲ့အခါ တိကျသေချာတဲ့ ခိုင်းစေနည်း Prompt Knowledge တွေသာ ရှိမယ်ဆိုရင် ကိုယ်လိုချင်တဲ့ Result တွေကို ရအောင် ခိုင်းစေတက်လာမှာဘဲဖြစ်ပါတယ်။ ကိုယ့်ရဲ့ ပေးသွင်းလိုက်တဲ့ input သာကောင်းတယ်ဆိုရင် ထွက်လာတဲ့ output လည်း ကောင်းမှာ အသေအချာပါဘဲ။ ဒါကြောင့် တက်နိုင်သမျှ သူတို့ကို ကိုယ်က ခိုင်းတဲ့အခါ ရှုထောင့်ပေါင်းစုံကနေ အချက်အလက်တွေထည့်သွင်းပြီး ခိုင်းစေတက်ရင်တော့ အကောင်းဆုံးပါဘဲ။
ဒီနေ့အတွက်တော့ ခုဖော်ပြထားတဲ့ လွယ်ကူရိုးရှင်းတဲ့ prompt အခု ၂၀ ကို ကိုယ့်ရဲ့ လုပ်ငန်းတွေမှာ အသုံးချပြီး ပိုမိုကောင်းမွန်တဲ့ result တွေရရှိကြပါစေခဗျာ။ နောက်ရက်များမှာလည်း ဗဟုသုတရစေမယ့် အကြောင်းအရာလေးတွေ မျှဝေပေးသွားမှာမို့လို့ page ကို like and follow လုပ်ထားကြပါခဗျာ။
ရရှိနိုင်တဲ့ ဝန်ဆောင်မှုတွေကတော့ Chatbot Developing, Social Media Marketing , Website Developing တို့ဘဲဖြစ်ပါတယ်။
ထင်ကျော် (09 254 865 318)
0 Comments