Tesla ကုမ္ပဏီပိုင်ရှင် Elon Musk ဟာ AI Research Lab အသစ်တစ်ခုအတွက် Team Google ရဲ့ ဝန်ထမ်းဟောင်းတစ်ဦးကိုခေါ်ယူသွားဖို့စီစဥ်နေပြီး လက်ရှိမှာတော့ Google ရဲ့ကုမ္ပဏီအခွဲ Alphabet ရဲ့ DeepMind AI ဌာနမှာ အလုပ်လုပ်ကိုင်ခဲ့တဲ့ Igor Babauschkin ကို Elon Musk ကအလုပ်အတွက်ကမ်းလှမ်းထားပါတယ်။ Igor Babauschkin ဟာ DeepMind မှာ ၂၀၁၄ခုနှစ်ကစအလုပ်ဝင်ခဲ့တာဖြစ်ပြီး Senior Staff Research Engineer ရာထူးနဲ့နောက်ဆုံးလုပ်ကိုင်ခဲ့ပါတယ်။
ဒီသတင်းဟာ OpenAI ဘက်က စာသားအခြေခံ Chatbot ကို စကားပြေတွေ၊ကဗျာတွေသာမက ကွန်ပျူတာcodeတွေကိုပါပြသပေးနိုင်အောင်ထိလုပ်ဆောင်သွားမယ်ဆိုတဲ့ ကြေငြာချက်ထွက်လာပြီးနောက်မှာ ပျံ့နှံ့လာတာဖြစ်ပါတယ်။ Elon Musk ဟာ ၂၀၁၅ခုနှစ်မှာ Sam Altman နဲ့အတူ OpenAI ကို အကျိုးအမြတ်မပါဝင်ပဲစတင်ပူးတွဲတည်ထောင်ခဲ့တာဖြစ်ပြီး ၂၀၁၈ခုနှစ်မှာမှဘုတ်အဖွဲ့ဝင်အဖြစ်ကနေနှုတ်ထွက်ခဲ့တာလို့လည်းဆိုပြန်ပါတယ်။
Elon Musk နဲ့ Igor Babauschkin တို့ဟာ AI သုတေသနလုပ်ငန်းအတွက် အဖွဲ့တစ်ခုဖွဲ့စည်းဖို့ဆွေးနွေးထားကြပေမယ့် လုပ်ငန်းကအစပျိုးရုံအဆင့်သာရှိသေးပြီး တိကျတဲ့အစီအစဉ်တွေမဆွဲရသေးဘူးလို့ကြားသိရပါတယ်။ဒါ့အပြင် Elon Musk ရဲ့ကမ်းလှမ်းမှုကို တရားဝင်လက်မခံရသေးဘူးလို့လဲ Igor Babauschkin ကပြောကြားထားပါသေးတယ်။
အခုလို AI Research Team ထပ်မံထူထောင်ဖို့ လုပ်နေတာက Open AI ရဲ့ ChatGPT ကိုပြိုင်ဆိုင်ဖို့ သို့မဟုတ် Alternative ရွေးချယ်စရာ ရှိလာဖို့အတွက် လည်းဖြစ်နိုင်တယ်လို့ ထင်ကြေးပေးနေကြပါတယ်။
0 Comments