"Video Content တွေကနေ ငွေရှာချင်သူတွေအတွက် သတင်းကောင်း"


 Facebook ကနေ Content Creator တွေကို Income တစ်ခုအနေနဲ့ သူတို့ platform ပေါ်မှာ Video, ပုံနဲ့ စာတွေ တင်ပြီး ဝင်ငွေ ရစေတဲ့ Program တွေထဲမှာ ခေတ်စားတာတွေကို ပြောပါဆိုရင် Instant Article နဲ့ Instream Ads (ad break) တို့ဘဲဖြစ်ပါတယ်။

ပုံတွေ စာတွေကို ဝက်ဆိုဒ် မှာတင်ပြီး Facebook platform မှာ မျှဝေခြင်းတွေကနေဝင်ငွေရှာဖွေခွင့်ကို 2023 April လလည်မှာ ရပ်ဆိုင်းတော့မှာဖြစ်ပေမယ့် ခုဆို Instream Ads လို့ လူသိများတဲ့ Video Content တွေကနေ ဝင်ငွေရှာဖွေဖို့အတွက် လိုအပ်ချက်တွေဖြစ်တဲ့ followers နဲ့ View Minute အရေအတွက်တွေကို သိသိသာသာ ပြန်လည်လျော့ချပေးလိုက်တာကတော့ ခုမှစတင်မယ့် Video Content Creator တွေအတွက်ကတော့ သတင်းကောင်းပါဘဲာ။
Requirement အတိအကျကတော့
အရင်တုန်းကfollowers ၁ သိန်း ရှိမှရပေမယ့် ခုဆို followers ၅သောင်း ၊
Minutes View ၆ သိန်း ကနေ ခုဆို ၆သောင်း ၊
Active Videos အနည်းဆုံး ၅ ခု ရှိရမှာဘဲဖြစ်ပါတယ်။
အနောက်တိုင်းနဲ့ အခြားနိုင်ငံတွေမှာကတော့ Content Creator ဆိုတာ Millionaire တွေလို့တောင် ပြောလို့ရတဲ့ ဝင်ငွေကောင်းတဲ့ အသက်မွေးဝမ်းကြောင်းအလုပ်လို့တောင် ပြောလို့ရပါတယ်။
ကိုယ်တွေနိုင်ငံကတော့ Eligible Country ခွင့်ပြုပေးတဲ့နိုင်ငံမဟုတ်ပေမယ့် ကျော်လွှားလို့ရမယ့်နည်းလမ်းတွေကတော့ နိုင်ငံခြား မှာနေထိုင်တဲ့ မိမိအသိ တွေကို admin ခန့်တာ ၊ Remote desktop protocol (RDP) Server ထောင်ပြီး တဆင့်သုံးတာ ၊ ဒါမှမဟုတ် Anti Fingerprint Browser တွေသုံးပြီး ကျော်လွှားပြီး ငွေရှာနိုင်ပါတယ်။

0 Comments