"Organization Plan (Golden Badge) တဲ့လား Twitter"

 


"Organization Plan (Golden Badge) တဲ့လား Twitter"

Twitter ကို ပြီးခဲ့တဲ့နှစ်က Elon Musk စတင်ဝယ်ယူခဲ့ချိန်ထဲက ပြုပြင်ပြောင်းလဲမှုတချို့ကိုလုပ်ဆောင်ခဲ့ပါတယ်။ အထင်အရှားဆုံးတစ်ခုကတော့ အယောင်ဆောင်အကောင့်တွေနဲ့မတူအောင်ခွဲခြားပေးနိုင်တဲ့ Blue Badge(အပြာရောင်အမှတ်အသား) ကိုအခကြေးငွေလစဉ်ပေးသွင်းပြီးရယူစေတာပဲဖြစ်ပါတယ်။ 

အခုလဲ Twitter ဟာ Gold Badge(ရွှေရောင်အမှတ်အသား) ကို တရားဝင်စီးပွားရေးအကောင့်ရှိတဲ့ စီးပွားရေးလုပ်ငန်းကြီးတွေအတွက် Plan ကိုလိုက်လံ မိတ်ဆက်နေပါတယ်။ ဒီရွှေရောင်အမှတ်အသားကိုလူတိုင်းရရှိနိုင်မှာတော့ မဟုတ်ပဲ လက်တွေ့မှာစီးပွားရေးလုပ်ငန်းလုပ်နေကြောင်းသိသာထင်ရှားတဲ့ စီးပွားရေးအကောင့်ပိုင်ရှင်တွေသာ ရရှိနိုင်မှာဘဲဖြစ်ပါတယ်။

ဒီရွှေရောင်အမှတ်အသားကိုရယူနိုင်ဖို့ဆို တစ်လကို ဒေါ်လာတစ်ထောင်ပေးသွင်းရမှာဖြစ်ပြီး မပေးသွင်းတော့ဘူးဆိုရင်တော့ ရွှေရောင်အမှတ်အသားကိုအကောင့်ကနေဖြုတ်ပစ်သွားမှာဖြစ်ပါတယ်။ ဒီကိစ္စကို Twitter ဘက်ကတရားဝင် ထုတ်ဖော်ပြောကြားထားတာမျိုးတော့မရှိသေးဘဲ ဆိုင်ရာဆိုင်ရာ email များဆီသို့သာ တိုက်ရိုက်ပေးပို့ မိတ်ဆက်နေတာလည်းဖြစ်ပါတယ်။


0 Comments