OpenAI ဟာ ၂၀၁၅ခုနှစ် ကုမ္ပဏီစတင်တည်ထောင်ခဲ့ချိန်ထက် အခုနောက်ပိုင်းမှာတဖြည်းဖြည်းနဲ့ထိပ်တန်း AI ကုမ္ပဏီတစ်ခုဖြစ်လို့လာပါတယ်။ OpenAI ရဲ့ ဦးဆောင်သူတွေထဲမှာ အမျိုးသမီးတစ်ဦးပါဝင်လာတာကိုတွေ့ရပြီး သူကတော့ လက်ရှိမှာ OpenAI ရဲ့ Chief Technology Officer(CTO) အဖြစ်အလုပ်လုပ်ကိုင်နေတဲ့ Mira Murati ပဲဖြစ်ပါတယ်။ Mira Murati ဟာ ၁၉၈၈မှာ အယ်လ်ဘေးနီးယန်းလူမျိုးမိဘနှစ်ပါးဆီကမွေးဖွားခဲ့သူဖြစ်ပြီး ယခုအခါမှာ အသက်၃၅နှစ်ရှိပြီဖြစ်ပါတယ်။ Mira ဟာ Dartmouth ကောလိပ်ကနေ အင်ဂျင်နီယာဘွဲ့ရရှိခဲ့သူဖြစ်ပါတယ်။သူဟာ OpenAI မှာ ၂၀၁၈ခုနှစ်မှ စတင်အလုပ်လုပ်ကိုင်ခဲ့တာဖြစ်ပေမယ့် လက်ရှိ CTO ရာထူးကိုတော့ ၂၀၂၂ခုနှစ်၊မေလမှစတင်လက်ခံခဲ့တာဖြစ်ပါတယ်။ Mira ဟာ OpenAI မှာအလုပ်မဝင်ခင် ၂၀၁၃ကနေ ၂၀၁၆ ခုနှစ်ထိ Tesla မှာ Senior Product Manager အဖြစ်လုပ်ကိုင်ခဲ့ဖူးပါတယ်။ Mira Murati ဟာ လက်ရှိ OpenAI မှာ ChatGPT နဲ့ DALL.E တို့တိုးတက်မှုအတွက် ဦးဆောင်လုပ်ကိုင်လျက်ရှိပါတယ်။
#MiraMurati #openai #AI #nalmm #chatbotmm #chatbot #socialmediamarketing
0 Comments