"Microsoft နဲ့ Open AI ဘာလဲ ဘယ်ကိုလဲ။




ယမန်နေ့ ဖေဖော်ဝါရီ၇ရက်က Microsoftဟာ သူတို့ကိုယ်ပိုင်ဖြစ်တဲ့ Bing Search Engine နဲ့  Edge Browser တွေမှာ AI နည်းပညာကိုထည့်သွင်းပေးသွားတော့မှာဖြစ်ကြောင်း စာနယ်ဇင်းရှင်းလင်းပွဲမှာ မိတ်ဆက်ပြသသွားခဲ့ပါတယ်။ Microsoft ရဲ့ CEO Satya Nadella ကတော့ AI နည်းပညာဟာ Software နယ်ပယ်အကုန်လုံးကိုပြောင်းလဲပေးသွားမှာဖြစ်ပြီး လက်ရှိမှာတော့အကြီးဆုံးနယ်ပယ်ဖြစ်တဲ့ Search လုပ်တဲ့အပိုင်းမှာ အရင်ဆုံးပြုပြင်ပြောင်းလဲပေးတော့မှာဖြစ်ပါတယ်။ အဲဒီအတွက်ကြောင့် Bing နဲ့ Edge မှာ AI နည်းပညာထည့်သွင်းထားပြီဆိုတာကို ဒီနေ့မှာမိတ်ဆက်ပေးသွားမှာဖြစ်ပါတယ် လို့ပြောကြားသွားပါတယ်။ Microsoft ရဲ့ AI နည်းပညာဟာ OpenAI ရဲ့ GPT နည်းပညာကိုအသုံးပြုသွားမှာဖြစ်ပြီး OpenAI ရဲ့ CEO Sam Altman ကိုယ်တိုင် ပွဲကျင်းပနေစဉ်အတွင်းမှာ ဒီအကြောင်းကို အတည်ပြုပြောကြားခဲ့ပါတယ်။


အသစ်ပြောင်းလဲလိုက်တဲ့ Microsoft Bing နဲ့ Edge မှာ ဘာတွေထူးခြားလာမလဲဆိုရင် အရင်ဆုံး Search လုပ်တဲ့နေရာမှာ ယခင်ကထက်ပိုမိုတိကျတဲ့အဖြေတွေကိုပြပေးနိုင်လာမှာဖြစ်ပါတယ်။ ဘောလုံးပွဲရမှတ်ကစလို့ စတော့ရှယ်ယာဈေးတွေအပြင် ဟင်းချက်နည်းလိုအဆင့်တွေနဲ့ရေးသားထားတဲ့အရာတွေထိ AI နည်းပညာကိုအသုံးပြုကာ သတင်းအချက်အလက်မှန်သမျှကို တိတိကျကျနဲ့လိုရာကိုမှန်မှန်ကန်ကန်ရှာဖွေပြသပေးသွားမှာဖြစ်ပါတယ်။ ဒါ့အပြင် ဘယ်မိုဘိုင်းဖုန်းအမျိုးအစားအသစ်ဝယ်ယူမလဲ၊ ခရီးသွားဖို့အတွက်ဘယ်လိုအရာတွေကိုပြင်ဆင်သင့်လဲ ဆိုတဲ့ရှုပ်ထွေးလှတဲ့မေးခွန်းမျိုးတွေအတွက် AI နည်းပညာအခြေခံ Chat စနစ်တစ်ခုပါဝင်တဲ့အတွက် ကိုယ်မေးလိုက်သမျှမေးခွန်းတွေကို အချက်အလက်စုံစုံလင်လင်နဲ့ တိကျလျင်မြန်စွာ ဖြေကြားပေးသွားနိုင်မှာဖြစ်ပါတယ်။ အသစ်ဖန်တီးလိုက်တဲ့ Bing မှာဆိုရင်ကိုယ့်ရဲ့အလုပ်အတွက် Email ရေးပေးခြင်း၊ Social Media အသီးသီးမှာတင်ဖို့ Post တွေဖန်တီးပေးခြင်း၊ ခရီးသွားဖို့အတွက် ဟိုတယ်ဘိုကင်တင်ခြင်းနဲ့ အလုပ်လျှောက်ဖို့ CV ပြင်ပေးခြင်းတို့အပြင် ဉာဏ်စမ်းပဟေဠိဖန်တီးပေးခြင်းလိုမျိုးအစရှိတဲ့လုပ်ငန်းဆောင်တာတွေအကုန်လုံးကို ကူညီဖန်တီးပေးနိုင်လာမှာဖြစ်ပါတယ်။


 #Microsoft #chatgpt #openai #chatbotmm #nalmm #chatbot

0 Comments