"Meta Verified Subscription Service"


 Meta Company ရဲ့ CEO Mark Zuckerberg ကတော့ Meta ရဲ့ ထုတ်ကုန် product တစ်ခုအနေနဲ့ Meta Verified လို့ခေါ်တဲ့ Blue Badge Verified Subscription Service ထွက်ရှိလာပြီဆိုတဲ့အကြောင်း ကို သူ့ရဲ့ Facebook ရဲ့ newsfeed မှာ ရေးသားသွားပါတယ်။

Blue badge verified subscription service ယူထားတဲ့သူတွေအနေနဲ့ အကောင့်တုတွေပေါ်လာတာမျိုးအတွက် ကြိုတင် ကာကွယ်ပေးမှုတွေ ၊ Customer Support ဆီ တိုက်ရိုက် ဆက်သွယ်နိုင်ခွင့်တွေ ရရှိသွားမှာဘဲဖြစ်ပါတယ်။
ခုဝန်ဆောင်မှုရဖို့အတွက် ဘာတွေလိုအပ်မလဲဆိုရင်တော့ သက်ဆိုင်ရာ အစိုးရတွေထုတ်ပေးထားတဲ့ မိမိရဲ့ တရားဝင် ID / Documents တွေနဲ့ လျောက်ထားရမှာဘဲဖြစ်ပါတယ်။ လစဉ်ကြေးအနေနဲ့ကတော့ သက်ဆိုင်ရာ Website တွေကနေလျောက်ထားမယ်ဆိုရင် လစဉ်ကြေး $11.99 ကျသင့်ပြီး ios platform တွေကနေ လစဉ်ကြေး ငွေပေးချေမှုအတွက်ကတော့ $14.99 ကုန်ကျမှာဘဲဖြစ်ပါတယ်။
အစီအစဉ်ကိုတော့ သြစတြေးလျနှင့် နယူးဇီလန်ရှိ Facebook သုံးစွဲသူများအတွက် ပထမဆုံး ဖြန့်ချိသွားမှာ ဖြစ်ပြီး အခြားနိုင်ငံတွေအတွက်မကြာခင် ရရှိသွားမှာလည်းဖြစ်ပါတယ်။
ခုလို Social Media တွေမှာ Verified Blue Badge တွေအတွက် ပိုက်ဆံပေးပြီးသုံးရတဲ့ ဝန်ဆောင်မှု ကို စတင်ခဲ့သူကတော့ Tesla လျှပ်စစ်ကား Company နဲ့ SpaceX အာကာသ ဝန်ဆောင်မှု Company တွေရဲ့ CEO ဖြစ်တဲ့ Elon Musk က Social Media Platform တစ်ခုဖြစ်တဲ့ Twitter ကို US Dollar 44 Billion နဲ့ဝယ်ယူပြီးတဲ့နောက် မှာ စတင်ပြီး Twitter Blue လို့ခေါ်တဲ့ Verified Badge ရရှိထားသူတွေနဲ့ အသစ်လိုချင်သူတွေကို ငွေကောက်ခံတာတွေ အသက်သွင်းခဲ့တာလည်း ဖြစ်ပါတယ်။ Twitter Blue ဟာ လစဉ်ကြေး 8$ ဒါမှမဟုတ် နှစ်စဉ်ကြေးနဲ့ဆို 1 လ 7 $ ကျသင့်ပြီး အသုံးပြုနေသူ 290,000 ခန့်ရှိနေတယ်လို့ အစီရင်ခံစာ တချို့အရ သိရပါတယ်။
Twitter ရဲ့ နောက်ထပ် လူသိပ်မသိသေးတဲ့ "Organization Plan (Golden Badge)" လို့ခေါ်တဲ့ ရွေရောင် တံဆိပ် ဝန်ဆောင်မှုအတွက်ကတော့ စီးပွားရေး လုပ်ငန်းကြီးတွေဆီကို မိတ်ဆက်စာ email နဲ့ တိုက်ရိုက်ပို့ပြီး လစဉ် ကြေး US Dollar 1,000 ကောက်ခံနေပါတယ်။
အဲဒီ့အပြင် ဒီရက်ပိုင်းအတွင်းမှာလည်း Twitter က SMS two-factor authentication method ကို ပရီမီယံမဟုတ်သော အကောင့်များမှ ဖယ်ရှားကြောင်းလည်း ကြေညာခဲ့ပါသေးတယ်။
Meta အနေနဲ့ ခုလို Personal Verified Blue Badge Subscription Service ကြော်ညာပြီးတဲ့နောက် Twitter လိုမျိုး Organization Plan တွေထပ်မံထွက်ရှိလာမလား ဆိုတာကတော့ ဆက်လက်စောင့်ကြည့်သွားရမှာပါဘဲခဗျာ။

0 Comments