Google ဟာ Bard ဆိုတဲ့ သူတို့ကိုယ်ပိုင် AI tool တစ်ခုကို တီထွင်ထားပြီဖြစ်ကြောင်း ကြေငြာလာပါတယ်။ တီထွင်ဖန်တီးနေခဲ့တာ၂နှစ်အချိန်ကြာပြီဖြစ်ပြီး ယခုလာမယ့်အပတ်အတွင်းမှာ အစမ်းအသုံးပြုခွင့်စတင်နိုင်အောင်ကြိုးစားသွားမယ်လို့ ကုမ္ပဏီဘက်ကထုတ်ပြန်ထားပါတယ်။ Bard ဟာ တစ်ကမ္ဘာလုံးကဗဟုသုတတွေကို Google ရဲ့ ဘာသာစကားဆိုင်ရာနည်းပညာဖန်တီးမှုတွေနဲ့ပေါင်းစပ်ထားတာဖြစ်ပြီး ဝက်ဆိုဒ်တွေပေါ်ကသတင်းအချက်အလက်တွေကနေ အရည်အသွေးပြည့်မီတဲ့တုံ့ပြန်ဖြေကြားမှုတွေဖြေနိုင်အောင် ကြိုးစားထားတာဖြစ်ကြောင်း ကုမ္ပဏီဘက်ကထပ်မံပြောကြားထားပါတယ်။
Google ရဲ့ CEO ဖြစ်သူ Sundar Pichai က Bard ဟာ Google ကဖန်တီးနေတဲ့ AI tool တွေထဲကတစ်ခုဖြစ်ပါတယ်။ ရှုပ်ထွေးတဲ့မေးခွန်းတွေကို နားလည်စေနိုင်ပြီး တိကျတဲ့အချက်အလက်တွေနဲ့ ရှုထောင့်မျိုးစုံကနေသုံးသပ်ဖြေကြားပေးနိုင်လာအောင် Search tool တွေထဲ AI နည်းပညာထည့်သွင်းနိုင်ဖို့ ကြိုးစားထားပါတယ်လို့ ပြောကြားထားပါတယ်။
Google ဘက်က ChatGPT လို နာမည်ရပြီးသား AI စနစ်တစ်ခုနဲ့ သူတို့ရဲ့ AI စနစ်ကို နှိုင်းယှဉ်ပြောကြားလာတာမျိုးတော့မရှိပါဘူး။ AI tool အသစ်ရဲ့လုပ်ဆောင်နိုင်မယ့်အရာတွေအတွက်အာရုံစိုက်ပြီးလုပ်ကိုင်သွားဖို့ရှိကြောင်းကိုသာ အသိပေးပြောကြားထားပါတယ်။
#chatgpt #openai #googlebard #nalmm #chatbotmm #chatbot
0 Comments