"Broadcast Channel function ကို ထည့်သွင်းပေးသွားမယ့် Instagram"


Meta ကုမ္ပဏီကိုတည်ထောင်သူ Mark Zuckerberg က Instagram ပေါ်မှာ Broadcast Channel ဆိုတဲ့ လုပ်ဆောင်မှုအသစ်တစ်ခုကိုထည့်သွင်းသွားဖို့ရှိကြောင်း သူ့ရဲ့ကိုယ်ပိုင် Meta Channel ဆိုတဲ့ Instagram Broadcast Channel ကနေတဆင့်ကြေငြာသွားခဲ့ပါတယ်။ Broadcast Channel ဟာ ဖန်တီးသူတွေအတွက် ကိုယ့်ရဲ့followerတွေကို တစ်နေရာထဲကနေ ကိုယ့်ရဲ့ဖန်တီးမှုတွေကို မျက်ခြေမပြတ်စေရအောင်ချပြနိုင်ဖို့အတွက်ဖန်တီးပေးလိုက်တာဖြစ်ပါတယ်။ ဖန်တီးသူတွေကသူတို့ရဲ့ Broadcast Channel တွေကတဆင့် စာတွေ၊ ဓာတ်ပုံတွေ၊ ဗီဒီယိုတွေနဲ့ အသံဖိုင်တွေအပြင် ကိုယ်ဖန်တီးထားတဲ့ဖန်တီးမှုတွေရဲ့နောက်ကွယ်ပုံရိပ်တွေနဲ့ poll တွေဖန်တီးပြီး ကိုယ့်ပရိသတ်တွေရဲ့အမြင်ကိုစစ်တမ်းကောက်လို့ထိရလာမှာဖြစ်ပါတယ်။ Channel ကိုတည်ထောင်ထားတဲ့ ဖန်တီးသူတွေကသာ မက်ဆေ့ချ်ပို့ခွင့်ရှိမှာဖြစ်ပြီး ပရိသတ်တွေကတော့ react ပေးခြင်းနဲ့ pollမှာ အဖြေရွေးချယ်ခြင်းတို့ကိုသာလုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။ နောက်လတွေမှာတော့ Instagram Broadcast Channel ထဲကို featureအသစ်တွေထပ်ထည့်ပေးသွားဖို့ရှိပြီး ကိုယ့်ရဲ့ channel ထဲကို တခြားဖန်တီးသူတွေပါဖိတ်ခေါ်ပြီး အတူတကွပူးပေါင်းတင်ဆက်ခွင့်လိုမျိုးတွေပါ ပါဝင်လာနိုင်ချေရှိပါတယ်။

Broadcast Channel ကိုအသုံးပြုခွင့်ရပြီဆိုရင် ကိုယ့်ရဲ့Instagram inbox ကနေ Broadcast Channel ကိုစတင်တည်ထောင်လို့ရပြီဖြစ်ပါတယ်။ ကိုယ်က Broadcast Channel ကိုတည်ထောင်လိုက်တာနဲ့တစ်ပြိုင်နက် ကိုယ့်ရဲ့followerတွေဆီအလိုအလျောက် notification တက်လာမှာဖြစ်ပါတယ်။ ဒါ့အပြင် stories မှာ ကိုယ့်ရဲ့ channel ထဲဝင်ခဲ့ဖို့ link လေးတွေနဲ့တင်လို့ရသလို channel link ကို ကိုယ့်ရဲ့ Profile မှာ pin လုပ်ထားလို့ပါရလာမှာဖြစ်ပါတယ်။ Channel ကို public အဖြစ်ထားလို့ရသလို အခကြေးငွေနဲ့ ဝင်ခွင့်ပေးနိုင်တဲ့ Private Channel ထိပါခွဲခြားတည်ထောင်လို့ရလာနိုင်ပါတယ်။
လောလောဆယ်မှာတော့ ဒီ function ကို U.S ကဖန်တီးသူတွေအတွက်ပဲ စမ်းသပ်တဲ့အနေနဲ့အသုံးပြုခွင့်ပေးထားပါတယ်။ Mark Zuckerberg ကတော့ Facebook နဲ့ Messenger မှာပါ Broadcast Channel အသုံးပြုလို့ရအောင်လုပ်ဆောင်ပေးသွားမယ်လို့ ထပ်မံပြောကြားခဲ့ပါတယ်။

0 Comments