Google ကုမ္ပဏီကြီးရဲ့ ဒီတစ်ပတ် Bard လို့ခေါ်တဲ့ AI Chatbot မိတ်ဆက်ပွဲမှာ အသုံးပြုသူတစ်ယောက်စမ်းသပ်ထားတဲ့ Conversation ကို Twitter မှာ Google ကတင်လိုက်ပြီးတဲ့နောက် AI Chatbot ရဲ့ မှားယွင်းတဲ့ Conversation လေးတစ်ကြောင်းကြောင့် ရှယ်ယာ 7.7% ( ဘီလီယံ ၁၀၀ ကျော်) ဆုံးရှုံးသွားခဲ့ရပါတယ်။
ဖြေထားတဲ့ အချက်အလက်တွေထဲကမှ AI Conversation Chatbot မှားယွင်းစွာ တုံ့ပြန်လိုက်မိတဲ့ အချက်ကတော့ JWST took the very first pictures of a planet outside of our own solar system. These distant worlds are called exoplanet. ဒီ စာသားလေးက Google ကို အချိန်တိုအတွင်း ကြီးမားတဲ့ဆုံးရှုံးမှုကြီးဖြစ်သွားစေတာပါ။
အမှန်တကယ်တော့ NASA ရဲ့ အချက်အလက်တွေအရဆို Exoplanet (ကျနော်တို့နေတဲ့ဆိုလာစနစ်ရဲ့ အပြင်ဖက်ကဂြိုလ်တွေ) ဓာတ်ပုံကို 2004 ခုနှစ်က European Southern Observatory ရဲ့ Telescope က အစောဆုံး ရိုက်ယူထားခဲ့တာပါ။
မကြာခင်ကာလတွေကတော့ AI တွေရဲ့ ကြီးစိုးမှုတွေကတော့ တစထက်တစ များပြားလာတော့ အကောင်းအဆိုးဒွန်တွဲနေတဲ့ အချိန်တွေကို မကြာခင်ရောက်လာတော့မလားဘဲခဗျာ။
0 Comments