အခုလက်တလောမှာ AI.com ကို ChatGPT ကဝယ်ယူလိုက်ပြီဖြစ်ကြောင်းသတင်းတွေထွက်ပေါ်နေပါတယ်။AI.com ကို Future Media Architects(FMA) ကပိုင်ဆိုင်ခဲ့ပြီး အခုလိုရောင်းချမှုကိုတော့ Saw.com ဆိုတဲ့ ကြားခံ domain အရောင်းအဝယ်ပြုလုပ်ပေးတဲ့ ကုမ္ပဏီက ကူညီဆောင်ရွက်ပေးတာဖြစ်ပါတယ်။ Saw.com ရဲ့ တည်ထောင်သူနဲ့ CEO ဖြစ်သူ Jeff Gabriel ကတော့ 'AI.com ကို FMAကနေ အပြီးသတ်ရောင်းချပြီးသွားပြီဖြစ်ပါတယ်။ ရောင်းချလိုက်တဲ့ဈေးနှုန်းအတိအကျကိုမကြေငြာပေမယ့် FMA ဘက်က ဒေါ်လာ၁၁မီလီယံဈေးခေါ်ခဲ့ပါတယ်။ ဝယ်ယူခဲ့သူက NFT နယ်ပယ်ကလူတစ်ယောက်ပဲဖြစ်ပြီး ကျွန်တော်ကတော့ရောင်းသူဝယ်သူနှစ်ဦးလုံးအတွက်ဝမ်းသာမိပါတယ်' လို့ပြောကြားခဲ့ပါတယ်။
0 Comments