Opera ဟာ သူတို့ရဲ့ကိုယ်ပိုင် Opera Browser ထဲ ChatGPT ရဲ့ AI စနစ်ကိုထည့်သွင်းသွားဖို့ရှိကြောင်း ပြောကြားလာပါတယ်။ ကုမ္ပဏီဘက်ကတော့ AI နည်းပညာအခြေခံထားတဲ့ content တွေကို မူလရှိပြီးသား Mobile နဲ့ PC browser တွေထဲက AI ပရိုဂရမ်ထဲကိုထပ်မံဖြည့်သွင်းပေးသွားဖို့ဖြစ်ကြောင်း အသိပေးပြောကြားထားပါတယ်။
Opera ရဲ့ Co-CEO ဖြစ်သူ Song Lin က 'ကျွန်တော်တို့ကုမ္ပဏီရဲ့ ၂၅နှစ်ကြာသက်တမ်းအတွင်းမှာ ကျွန်တော်တို့ဟာ browser တွေ တီထွင်ဖန်တီးတဲ့နေရာမှာ အမြဲတမ်းရှေ့ဆုံးကရှိခဲ့ပါတယ်။ browser တွေထဲကိုထည့်သွင်းနိုင်မယ့် AI tool တွေကိုဖန်တီးတဲ့နေရာမှာ web တွေမှာဘယ်လောက်ထိဖြစ်လာနိုင်မလဲဆိုတဲ့ ရလဒ်အတွက် အားသွန်ခွန်စိုက်ကြိုးစားကြရပါတယ်။ AI နည်းပညာအခြေခံထားတဲ့ tool တွေအပေါ်စိတ်ပါဝင်စားသူတွေများလာချိန်မှာ AI နည်းပညာအခြေခံထားတဲ့ web တစ်ခုအဖြစ်အကောင်အထည်ပေါ်အောင်စတင်ဖန်တီးသွားနိုင်မယ်လို့ယုံကြည်ပါတယ်' လို့ပြောကြားသွားပါတယ်။ အသစ်ထည့်သွင်းသွားမယ့် AI feature ကိုတော့ အခုလက်ရှိအချိန်ထိ Opera Browser အားလုံးမှာအသုံးပြုလို့ ရဉီးမှာမဟုတ်သေးပါဘူး။
0 Comments