"Twitter ရုံးချုပ်က ရုံးသုံးပစ္စည်းတွေကို လေလံတင်ရောင်းချခဲ့တဲ့ Elon Musk"




Twitter ကို ဝယ်ယူပြီးနောက် စိတ်ကြိုက်ပြုပြင်ပြောင်းလဲမှုတွေကိုလုပ်ဆောင်ခဲ့သလို ဝန်ထမ်းပေါင်း၇၅၀၀ကိုလဲ အလုပ်ကနေထုတ်ပယ်ခဲ့တဲ့ Elon Musk ဟာ Twitterရဲ့ရုံးသုံးပစ္စည်းပေါင်း၆၀၀ကျော်ကို လေလံတင်ရောင်းချခဲ့ပါတယ်။
လေလံပွဲကို Heritage Global Partners အမည်ရှိ လေလံကုမ္ပဏီက စီစဉ်ရောင်းချပေးခဲ့တာဖြစ်ပြီး ရောင်းချပြီးတဲ့ပစ္စည်းတွေထဲမှာဆိုရင် ၃ပေ၅လက်မအမြင့်ရှိ Twitter logo ပုံစံရုပ်တုကို ဒေါ်လာ ၁၀၀,၀၀၀၊ ၁၀ပေခန့်မြင့်တဲ့Twitter logo နီယွန်ဆိုင်းဘုတ်ကို ဒေါ်လာ ၄၀,၀၀၀၊ အစည်းအဝေးပြုလုပ်ရာစားပွဲခုံကို ဒေါ်လာ ၁၀,၅၀၀၊ ကော်ဖီဖျော်စက်ကို ဒေါ်လာ ၁၃,၅၀၀၊ ထိုင်ခုံတွေကို ဒေါ်လာ ၁၄၀၀ နဲ့အသီးသီးဈေးပိတ်ခဲ့ပါတယ်။
ဒါ့အပြင် ဝှိုက်ဘုတ်၊ ကွန်ဖရင့်ဖုန်းနဲ့ ပရိုဂျက်တာတို့လိုပစ္စည်းတွေကိုပါလေလံပွဲမှာပြသခဲ့ပါတယ်။
အခုလိုလေလံတင်ရောင်းချမှုဟာ Twitter ရဲ့ငွေကြေးပြဿနာနဲ့မဆိုင်ကြောင်း ကုမ္ပဏီရဲ့တာဝန်ရှိသူတွေဘက်ကပြောကြားထားပါတယ်။

0 Comments