"Microsoft နဲ့တခြားနာမည်ကြီးကုမ္ပဏီအချို့ ဝန်ထမ်းဦးရေလျှော့ချဖို့စီစဉ်နေ"




နည်းပညာနယ်ပယ်မှာ နာမည်ကြီးလှတဲ့ကုမ္ပဏီတစ်ခုထဲမှာပါဝင်တဲ့ Microsoft ဟာ ပြီးခဲ့တဲ့ဗုဒ္ဓဟူးနေ့က ဝန်ထမ်းဦးရေတစ်သောင်းခန့်လျှော့ချဖို့စီစဉ်ထားတယ်လို့ သတင်းထုတ်ပြန်လာပါတယ်။ Microsoft ရဲ့ CEO Satya Nadella က စီးပွားရေးအခြေအနေမတည်ငြိမ်မှုကြောင့်နဲ့ ဒစ်ဂျစ်တယ်ဝန်ဆောင်မှုတွေရဲ့လိုအပ်ချက်တွေကို ပြောင်းလဲဖြည့်ဆည်းပေးနိုင်ဖို့အတွက် ဝန်ထမ်းလျှော့ချရခြင်းဖြစ်ကြောင်းပြောကြားခဲ့ပါတယ်။ ၂၀၂၂ခုနှစ်၊ဇွန်လ၃၀ရက်နေ့အထိ ကမ္ဘာအရပ်ရပ်က Microsoft ရုံးခွဲတွေမှာအလုပ်လုပ်ကိုင်နေဆဲဝန်ထမ်းဦးရေ အယောက် ၂၂၁,၀၀၀ ရှိကြောင်းသိရပြီး ဝန်ထမ်းဦးရေရဲ့၅ရာခိုင်နှုန်းကိုသာ လက်ရှိမှာလျှော့ချသွားဖို့အစီအစဉ်ရှိကြောင်းနဲ့ ယခုနှစ်မတ်လနောက်ဆုံးထားပြီးဝန်ထမ်းအင်အားကိုလျှော့ချသွားမှာဖြစ်ပါတယ်။ ဝန်ထမ်းလျှော့ချကြတဲ့နည်းပညာကုမ္ပဏီတွေထဲမှာ Microsoft အပြင် Amazon၊ Facebook နဲ့ Twitter တို့လဲပါဝင်နေပါတယ်။ Amazon ဆိုရင် ယခုနှစ်မှာ ဝန်ထမ်းအယောက်ပေါင်း၁၈,၀၀၀၊ ဝန်ထမ်းစုစုပေါင်းရဲ့ ၁၀ရာခိုင်နှုန်းကို လျှော့ချဖို့စီစဉ်ထားပြီဖြစ်ပါတယ်။ Facebook ရဲ့ပင်မကုမ္ပဏီ Meta ဟာ ဝန်ထမ်းအယောက်ပေါင်း ၁၁,၀၀၀ကို ၂၀၂၂ခုနှစ်တုန်းက လျှော့ချခဲ့ပြီး ဒါဟာကုမ္ပဏီရဲ့အကြီးမားဆုံးဝန်ထမ်းဦးရေလျှော့ချနှုန်းဖြစ်ပါတယ်။ Twitter ကုမ္ပဏီလဲ ယခုနှစ်မှာ ဝန်ထမ်းတွေထပ်မံလျှော့ချဖို့အစီအစဉ်ရှိသေးကြောင်း ထုတ်ပြန်ထားပါတယ်။ နည်းပညာကုမ္ပဏီတွေသာမက တခြားသောနာမည်ကြီးစီးပွားရေးကုမ္ပဏီတွေဖြစ်တဲ့ Uber၊ Airbnb နဲ့ Lyft တို့လဲ ယခင်နှစ်တွေမှာ ဝန်ထမ်းတွေအသီးသီးလျှော့ချခဲ့ကြဖူးပါတယ်။ #nal #chatbot #manychat #nalmm #digitalmarketing #socialmediamarketing #chatbotmm #Chatbot #NAL #lms #autoreply #news

0 Comments