Meta Business Suite အကြောင်း

 မိတ်ဆွေ Creator Studio ကိုသုံးစွဲနေတုန်းလား။ Meta ကမကြာခင် CS ကို ဖယ်ရှားပြီး Meta Business Suite (MBS) ကို သုံးဖို့ တွန်းအားပေးနေတာလည်း အားလုံးသိကြမှာပါ။ ဒီနေ့တော့ MBS အကြောင်းလေးနည်းနည်းပြောမယ်နော်။ 



Meta Business Suite (MBS) ဆိုတာ စီးပွားရေးလုပ်ငန်းရှင်တွေနဲ့ Content Creator တို့အတွက် Facebook နဲ့ Instagram တို့ကိုပေါင်းစည်းပြီးတော့ ချိတ်ဆက်ထားတဲ့ အကောင့်အားလုံးကို တစ်နေရာတည်းမှာ စီမံခန့်ခွဲနိုင် ဖို့ထုတ်ပေးထားတဲ့ Social Media Management Tool ပါဘဲ။ MBS နဲ့ မိမိလုပ်ငန်းတွေရဲ့ Online Presence ကို ဖောက်သည်တွေနဲ့ မိမိလုပ်ငန်းကို စိတ်ဝင်စားနေကြတဲ့ ပရိသတ်တွေ ဆီကို ရောက်ရှိဖို့အတွက် အချိန်နဲ့တပြေးညီ ရောက်ရှိအောင် အသုံးချနိုင်ပါတယ်။




MBS မှာဘာတွေပါဝင်လဲ။ 

MBS မှာ မိတ်ဆွေရဲ့ Social Media Post တွေကို စီမံခန့်ခွဲဖို့ လိုအပ်နဲ့ tools တွေ အများအပြားပါဝင်ပြီး အကောင်းဆုံးအချက်ကတော့ အခမဲ့ သုံးစွဲခွင့်ရှိတာပါဘဲ။ အခြားသော 3rd party tools တွေသုံးရင်တော့ အနည်းဆုံး 10$ ကနေ စတင်ကောက်ခံကျတာပါ။ (eg: Hootsuite, Buffer, Later etc..)


MBS နဲ့ ဘာတွေလုပ်နိုင်လဲဆိုရင် ကိုယ့်ရဲ့ Audience တွေနဲ့ အချိန်နဲ့တပြေးညီ ဆက်သွယ်နိုင်ဖို့အတွက် Live Chat Inbox ပါဝင်တယ်။ Comment တွေကို တနေရာတည်းကနေ စီမံခန့်ခွဲနိုင်မယ်။ မကြာခဏ အမေးများတဲ့ မေးခွန်းတွေအတွက် Automated Response ထည့်သွင်းပေးထားတယ်။တနေရာတည်းကနေ post နဲ့ story တွေကို Facebook နဲ့ Instagram အတွက် အလွယ်တကူ ဖန်တီးနိုင်တယ်။ 




စီးပွားရေးလုပ်ငန်းရှင်တွေအတွက်လည်း Commerce Manager Account အကောင့်ဖွင့်ပြီး အလွယ်တကူ မိမိလုပ်ငန်းတွေရဲ့ ထုတ်ကုန်တွေကို စီမံခန့်ခွဲနိုင်ပါမယ်။


Insight လို့ခေါ်တဲ့ tool မှာတော့ မိမိလုပ်ငန်းရဲ့ digital presence ဖြစ်တဲ့ page ရဲ့ growth တိုးတက်မှုနှန်းတွေ Performance တွေ၊ Reach ပျံ့နှံ့နှုန်းတွေ Like ပမာဏတွေ ကိုအလွယ်တကူ ကြည့်ရှုသုံးသပ်နိုင်ပါတယ်။ 




Planner မှာကတော့ ရက် လ နှစ် ပြက္ခဒိန်ရှိပြီး  မိမိ post တွေကို ကြိုတင်စီမံပြီး ကြိုက်နှစ်သက်သလို schedule လုပ်ထားလို့ရပါတယ်. 


All tools ကိုနှိပ်လိုက်ရင်တော့ MBS ရဲ့ အစုံလင်ဆုံးဖြစ်တဲ့Tools မှန်သမျှ ထွက်ပေါ်လာမှာဘဲဖြစ်ပြီး ကိုယ့် Audience တွေနဲ့ တိုက်ရိုက်ထိတွေ့ ဆက်ဆံဖို့ဖြစ်တဲ့ Live Broadcast function.




Content Creator တွေအတွက် Game Streaming , Copyright ကင်းလွတ်စေမယ့် Sound collection , Creator Studio တို့ကို တွေ့နိုင်ပါတယ်။


MBS ကနေဘဲ အလွယ်တကူ ADS နဲ့ Media Buying တို့ကို အလွယ်တကူ ပြုလုပ်နိုင်သလို မိမိ page တွေကို Meta ရဲ့ အကဲဖြတ်ထားတဲ့ page quality , ကြော်ငြာတွေအတွက် ကျသင့်ငွေကို ရှင်းလင်းနိုင်မယ့် Billing Section တို့လည်း ပါရှိသလို ကိုယ့်ရဲ့Page ကို 3rd party application တွေနဲ့ချိတ်ဆက်ပြီး အသုံးပြုနိုင်မယ့် Business Apps လည်းတွေ့ရှိနိုင်ပါသေးတယ်။



အဆုံးထိဖတ်ပေးလို့‌ ကျေးဇူးတင်ပါတယ်ခဗျာ။ နောက်များမှာလည်း Social Media Marketing နဲ့သက်ဆိုင်တဲ့ Post တွေကို တင်ပေးသွားမှာဖြစ်လို့ Like , follow လုပ်ပေးထားကြပါခဗျာ။ 


#nal #nalmm #chatbotmm #chatbot #socialmediamarketing #digitalmarketing #business_suite 


0 Comments