အမေရိကန်နည်းပညာကုမ္ပဏီတွေဟာ ယခုလက်တလောမှာ ဝန်ထမ်းအင်အားများစွာကိုနေ့စဉ်နေ့တိုင်းလျှော့ချလျက်ရှိပါတယ်။ အဓိကအကြောင်းအရင်းကတော့ Covid-19ကာလမှာ ဝန်ထမ်းတွေများစွာခန့်ထားခဲ့တဲ့အတွက် ယခုလိုငွေကြေးဖောင်းပွမှုတွေဖြစ်လာတဲ့အခါ စီမံခန့်ခွဲဖို့စရိတ်ကာမိဖို့အတွက်မဖြစ်မနေလျှော့ချရတာဖြစ်ပါတယ်။ ဝန်ထမ်းလျှော့ချလိုက်တဲ့ကုမ္ပဏီတွေထဲမှာဆိုရင် Microsoft၊ Google၊ Amazon နဲ့ Facebook ပင်မကုမ္ပဏီ Meta တို့ပါဝင်ပြီး Google ဆိုရင် အလုပ်ထုတ်ပယ်လိုက်တဲ့ဝန်ထမ်းတွေကိုကြိုတင်မပြောပြထားပဲ သူတို့တွေအကုန်ရုံးရောက်မှ အသိပေးတာမျိုးတွေလုပ်ခဲ့ကြောင်း Google မှာအလုပ်လုပ်ခဲ့ဖူးတဲ့ဝန်ထမ်းတွေရဲ့ပြောစကားအရသိရပါတယ်။ စာရင်းဇယားအရ နည်းပညာကုမ္ပဏီနယ်ပယ်မှာ တစ်လကိုပျမ်းမျှဝန်ထမ်းဦးရေ ၃၀,၀၀၀ခန့်လျှော့ချလျက်ရှိနေပါတယ်။
နာမည်ရနည်းပညာကုမ္ပဏီတစ်ချို့ကအလုပ်ထုတ်ပယ်မှုတွေရှိနေပေမယ့် တစ်ဖက်မှာလဲ တချို့သောနည်းပညာကုမ္ပဏီတွေနဲ့ နည်းပညာကုမ္ပဏီအသစ်တချို့က ဝန်ထမ်းတွေထပ်မံခေါ်ယူနေကြပါတယ်။ လက်ရှိမှာတော့ ဝန်ထမ်းဦးရေ ၁၇၉,၀၀၀ခန့်ကို နည်းပညာနယ်ပယ်မှာခေါ်ယူလျက်ရှိကြောင်း အလုပ်ရှာဝက်ဘ်ဆိုဒ်တွေကဆင့်သိရပါတယ်။
စီးပွားရေးပညာရှင်တွေကတော့ ယခုလိုလုပ်အားလျှော့ချမှုတွေကြောင့် အလုပ်လက်မဲ့ဦးရေတိုးပွားလာမယ့်အခြေအနေက အမေရိကန်ရဲ့စီးပွားရေးကိုဘယ်လောက်ထိရိုက်ခတ်လာနိုင်မလဲဆိုတာကို စိုးရိမ်နေကြဆဲဖြစ်ပါတယ်။
#nal #chatbot #manychat #nalmm #digitalmarketing #socialmediamarketing #chatbotmm #Chatbot #NAL #lms #autoreply #news
0 Comments