Free domain တွေကို ဘယ်နေရာမှာ ရယူနိုင်လဲ။



Digital ခေတ်ကြီးထဲက Internet ပေါ်မှာ မိမိရဲ့ လုပ်ငန်း ၊ အဖွဲ့အစည်း ၊ မိမိကို ကိုယ်စားပြုထားတဲ့ digital identity ၁ ခုအနေနဲ့ website ၁ ခုကတော့ မရှိမဖြစ်ကို လိုအပ်ပါတယ်။ Social Media Account တွေရှိပေမယ့်လည်း ဒါတွေဟာ မိမိကိုယ်ပိုင် လွတ်လပ်ခွင့် ပိုင်ဆိုင်ခွင့် တွေကို ပြသနိုင်တဲ့နေရာတွေ မဟုတ်ဘူးဆိုတာတော့ လူတော်တော်များများ သိပြီးဖြစ်မယ်လို့လည်း ထင်ပါတယ်။ ဒါကြောင့် အလုပ်အကိုင် အခွင့်အလမ်းတွေအတွက် ကိုယ်ပိုင် Website တွေကို ရှိထားခြင်းက တခြားသူတွေထက်ပိုပြီး နှာတဖျား သာစေပါတယ်။


Website ၁ ခုတည်ဆောက်မယ်ဆိုရင် အကြမ်းဖျင်း သိထားဖို့က အိမ်ငှားတာနဲ့ဆင်တူပါတယ်။ မိမိ နေရာ အတည်တကျ ကိုတိတိကျကျ ရည်ညွှန်း ဖို့အတွက် လိုပါတယ်။ အိမ်နံပတ်နဲ့ ဆင်တူတဲ့ Domain, ခြံအကျယ်အဝန်း နဲ့တူတဲ့ Hosting တို့ကို ရွေးချယ်ပြီး ငှားရမ်း ဝယ်ယူရပါတယ်။ အဲဒီ့လို ဝယ်ယူတဲ့အခါမှာ လူသုံးများတဲ့ Company တွေကတော့

godaddy.com
namecheap.com
cloudflare.com တို့ဘဲဖြစ်ပါတယ်။

အနည်းဆုံး 1$ (တခါတရံ Discount ချတဲ့အခါရပါတယ်) ကနေ တိုတောင်းပြီး မှတ်မိလွယ်တဲ့ domain တွေ Dollar ထောင်ဂဏန်း သောင်းဂဏာန်း ဒါမှမဟုတ် ညှိနှိုင်းဈေးနဲ့တောင် ဝယ်ယူကြရပါတယ်။ တခါတလေကျတော့လည်း ခုမှ စူးစမ်းလော့လာခါစ သူမျိုးကျတော့ ငွေမသုံးချင်သေးတဲ့အခြေအနေမျိုးဆိုရင်တော့ အောက်ပါ အခမဲ့ domain provider တွေဆီကနေ ရယူသုံးစွဲနိုင်ပါတယ်။

အခမဲ့ domain တွေကို ရယူနိုင်တဲ့ website ကတော့ freenom . com ဘဲဖြစ်ပါတယ်။

သက်ဆိုင်ရာ website ကိုသွားပြီးရင် register လုပ်။ Sign in ဝင်ပြီး Domain search မှာ မိမိအလိုရှိတဲ့ နာမည်ကို ရိုက်ထည့်လိုက်ရင် အခမဲ့ ရနိုင်တဲ့ domain တွေကျလာတဲ့အခါ လိုချင်တဲ့ အချိန်ကာလ အပိုင်းအခြားကို ရွေးချယ်ပြီး ရယူနိုင်ပါတယ်။ (top level tomain တွေဖြစ်တဲ့ tk, ml, ga, cf, gq တို့ကိုရယူနိုင်ပါတယ်။) အသုံးများတဲ့ .com နဲ့အပြုတဲ့ တခြား tld တွေကတော့ အခပေးပါ။

ကျေးဇူးတင်ပါတယ်။

#freedomain #freenom #nalmm #nal #chatbotmm #website

0 Comments