Chatbot အကြောင်းကို ပြောရမယ်ဆိုရင် သူက ဘာလဲဆိုတာနဲ့ အစပြုရမယ်ခဗျ။ ကျနော်တို့ လက်ရှိအသုံးများနေကြတဲ့ Chatbot ဆိုတာလေးက လူတွေနဲ့ အမေးအဖြေ Interactive လုပ်ဖို့ design ထုတ်ထားတဲ့ Conversational Software အသေးလေးတစ်ခုလို့ ပြောချင်ပါတယ်။
Chatbot က လူများစုနဲ့ ပြောဆိုဆက်ဆံရတဲ့ စီးပွားရေးလုပ်ငန်းနယ်ပယ်တွေမှာ အကျိုးရှိရှိ အသုံးချတက်ရင် ဝန်ဆောင်မှု (Customer Service) အတွက်သာမက အရောင်းနယ်ပယ် Sale / Marketing Promotion တွေ အတွက်ပါ အရမ်းအသုံးဝင်တာကို လက်တွေ့တွေ့နေရမှာပါ။
Website မတည်ဆောက်ရသေးတဲ့ လုပ်ငန်းရှင်တိုင်းက Chatbot လေးတွေကို သူတို့ရဲ့ Facebook Page တိုင်းမှာ တပ်ဆင်ထားသင့်ပါတယ်။ မေးခွန်းလေးရဲ့အဖြေအတွက် ပြန်လည် အစပျိုး ရရင် Chatbot flow / steps တွေမှာ ထည့်သွင်းထားသင့်တာလေးတွေကို List လုပ်ထားတာလေး အောက်မှာ ကြည့်ပေးပါခဗျာ။
1. Products & Information
မိမိ ထုတ်ကုန်တွေရဲ့ ဓါတ်ပုံ တွေနဲ့ သက်ဆိုင်ရာထုတ်ကုန်ရဲ့ အချက်အလက် တွေကို မဖြစ်မနေ ထည့်သွင်းထားရမှာပါ။ အဲဒီ့ တော့မှ ထပ်ခါတလဲလဲ ဖြေကြားရတဲ့ ဒုက္ခ ကနေ လွတ်ကင်းမှာလည်းဖြစ်ပါတယ်။ ဒီမှာ တစ်ခုရှိတာက eCommerce Shop owners တွေကတော့ ထုတ်ကုန်တွေ ရာထောင်ချီရှိတာဖြစ်တဲ့ အတွက် chatbot flow / stpes တွေမှာ ၁ ခုချင်းစီ ထည့်သွင်းမယ့်အစား eCommerce Website သို့ mini ecommerce shop တို့ကို တဆင့် ညွှန်ပြထားသင့်ပါတယ်။ (mini ecommerce shop ကို chatbotmm မှာ အလွယ်တကူ ရယူ အသုံးပြုနိုင်ပါတယ်)
2. ဆက်သွယ်ဖို့ Phone / email
Messenger ကိုရောက်လာတဲ့ သူအများစု 90% လောက်က မိမိထုတ်ကုန်တွေကို ဝယ်ယူဖို့ ဒါမှမဟုတ် မိမိ မသိသေးတဲ့ အချက်လက်တချို့ ကို စိတ်ဝင်တစား မေးမြန်းဖို့အတွက် ရောက်လာတဲ့သူတွေပါ။ ဒါကြောင့် ဒါကြောင့် Chatbot ထဲမှာ ပြသထားတဲ့ ထုတ်ကုန် အချက်အလက်တွေကို ကြည့်ပြီး Order တက်မယ် ဒါမှမဟုတ် မေးမြန်းဖို့အတွက် ဆိုင်ကို အလွယ်တကူဆက်သွယ်ဖို့ Phone No (email) ထားရှိထားရပါမယ်။
3. Messenger ကနေ ဝယ်ယူဖို့ အချက်အလက် တွေပေးခဲ့ဖို့ လမ်းညွှန်
ဝယ်ယူသူဟာ ကိုယ့်ထုတ်ကုန်ကို အလွယ်တကူ ဝယ်ယူဖို့ အမှာစာ ပေးပို့တဲ့အခါ အချက်အလက်တွေ မေ့ကျန်ခဲ့တာမျိုးမဖြစ်အောင် မိမိ ရဲ့ Chatbot flow တွေမှာ Instruction တွေ ထည့်သွင်းရေးသားထားရပါမယ်။
ဉပမာ ဆက်သွယ်ဖို့ နာမည်၊ ဖုန်းနံပတ် ၊ မှာယူလိုတဲ့ Product Code ၊ အရေအတွက် ၊ ငွေလွှဲချလံ Photo ၊ ပေးပို့ရမယ့် လိပ်စာ ၊ အချိန် နေ့ရက်...စတဲ့အချက် တွေကို တော့ ထည့်သွင်းတောင်းဆို ထားသင့်ပါတယ်။
4. ငွေလွှဲအချက်အလက် (Optional)
တချို့တွေက Chatbot flow တွေထဲမှာ တင်ကြို စီမံရေးသားထားပေမယ့် တချို့တွေကတော့ ခုခေတ်ကာလမှာ လိမ်လည်မှုတွေပေါများလို့ Live Chat Agent တွေနဲ့စကားပြောပြီး မှသာ Bank wire information (ငွေလွှဲအချက်အလက်) တွေကို ပေးပါတယ်။
5. ဆိုင်တည်နေရာ
တချို့တွေက ကိုယ်တိုင်ကိုယ်ကျ မိမိဆိုင်ကို လာရောက်ရွေးချယ်ပြီး ဝယ်ယူချင်တဲ့သူတွေ လည်းရှိပါတယ်။ ဒါကြောင့် မိမိဆိုင်ရဲ့ လိပ်စာ လမ်းညွှန်ကို တိတိကျကျ လွယ်လွယ်ကူကူ ဖြစ်အောင် ရေးသားထားပြီး Google Map Link ပါထည့်သွင်းထားသင့်ပါတယ်။
6. About Us (မိမိဆိုင်ရဲ့ အကြောင်း)
မိမိဆိုင်အကြောင်းကို သေချာစွာမသိသေးတဲ့ ဝယ်ယူသူတွေရဲ့ ယုံမှား သံသယကို ဖြေလျော့ပြီး ယုံကြည်မှု တည်ဆောက်ဖို့အတွက်လည်း about us flow လေးကို တည်ဆောင်ထည့်သွင်းထားသင့်ပါတယ်။ ဉပမာ တည်ထောင်ထားတဲ့အချိန် ၊ Customer တွေရဲ့ Review အကြောင်း ၊ ရရှိထားတဲ့ တရားဝင် Certificate တွေ၊ မိမိ နဲ့ လက်တွဲလုပ်ကိုင်နေတဲ့ အဖွဲ့အစည်းတွေကို ဖော်ပြထားတာမျိုး တွေ ထည့်သွင်းရေးသားထားနိုင်ပါတယ်။
7. Lead generation Steps
တစ်ခုသတိပြုရမှာက ကျနော်တို့ လက်ရှိအသုံးပြုနေတဲ့ Social Media Platform ဟာ ကျနော်တို့ ကိုယ်ပိုင် မဟုတ်ပါဘူး။ Facebook ရဲ့ အခမဲ့ Features တွေဖြစ်တဲ့ Facebook page , Facebook profile , Facebook Ads Function တွေကို အသုံးပြုနေတာပါ။ ဒါ့ကြောင့် ကျနော်တို့ အသုံးပြုနေတဲ့ Budget တွေဟာ ကုန်သွားပြီး ရေရှည်အတွက် အကျိုးရှိအောင် ဖောက်သည်တွေနဲ့ အကြောင်းအမျိုးမျိုး ကြောင့် အဆက်အသွယ်မပြတ်အောင် သူတို့ဆီကနေ အချက်အလက်အချို့ကို တောင်းခံထားတဲ့ chatbot flow steps လေးတွေ ထားရှိသင့်တာပါ။ ဉပမာ ဖုန်းနံပတ် ၊ email တို့လိုမျိုးပါ။ ဒီ အချက်တွေကို ရယူထားခြင်းအားဖြင့်လည်း Facebook Ads Platform မှာ Custom Audience တည်ဆောက်ပြီး Retargeting အတွက်လည်း ပြန်လည် အသုံးချလို့လည်းရပါသေးတယ်။ ဒါကြောင့် ဖြစ်နိုင်ရင် ခုအဆင့်ကိုလည်း ထည့်သွင်းတည်ဆောက်ထားသင့်တာဖြစ်ပါတယ်။
ရေးခဲ့တာတွေကို နားလည်ပေမယ့် မိမိ လုပ်ငန်းအဖွဲ့အစည်းအတွက် ကိုယ်တိုင်ကိုယ်ကျ တည်ဆောက်ဖို့အတွက် အချိန်မရှိလို့ Professional ကျကျ တည်ဆောက်ချင်တဲ့သူတွေအနေနဲ့လည်း ChatbotMM ကိုဆက်သွယ်နိုင်ပါတယ်ခဗျာ။ ChatbotMM ကိုတည်ထောင်သူ ကျနော် ထင်ကျော် (ကြည်သာဝင်း) ဟာ Manychat ရဲ့ မြန်မာပြည်မှာ ပထမဆုံး Messenger Marketing Expert လည်းဖြစ်ပါတယ်။
ထင်ကျော် (Founder)
09 960 60 6556 / 09 254 865 318
info@chatbotmm.com
#nalmm #chatbotmm #autoreply #manychat #socialmediamarketing #chatbot
0 Comments