မကြာခင်ရက်ပိုင်းအတွင်း ရောက်ရှိလာတော့မယ် 2023 ဟာ ကမ္ဘာ့ကပ်ရောဂါကနေ လွတ်ကင်းလို့ နည်းပညာ တိုးတက်မှုတေွ တိုးတက်နေတာနဲ့အတူ ပြောင်းလဲမှုတေွကို တရှိန်ထိုး မြင်တွေ့ရမယ့် နှစ်မှာ အများနည်းတူ ရင်ဘောင်တန်းနိုင်ဖို့ အတွက် လေ့လာပြင်ဆင်ထားရမယ့် အတက်ပညာရပ် ၅ မျိုးကို အောက်မှာ ဖော်ပြလိုက်ပါတယ်ခဗျာ။
1. No Code Development
အားလုံးလည်း သတိပြုမိကြလိမ့်မယ်လို့ထင်ပါတယ်။ ကျနော်တို့ လိုချင်တဲ့ ကိစ္စရပ်အတော်များများအတွက် နည်းပညာ ကျွမ်းကျင်မှု အချိန်နှစ်ကာလအကြာကြီး မလိုအပ်တော့ဘဲ ကိစ္စ အတော်များများကို No Code, Low Code Platform တွေကို အသုံးပြုပြီး လုပ်နိုင်လာကြပြီဖြစ်ပါတယ်။
(bubble.io , glide , airtable, jotform ...etc.)
2. AI Tools
ခုရက်ပိုင်းအတွင်း အရမ်းခေတ်စားနေတဲ့ Open AI ရဲ့ ChatGPT ဆိုသိကြမလားခဗျာ။ သူနဲ့ ဘာတွေလုပ်လို့ရလဲဆိုရင် သူ့ကို copy writing ရေးခိုင်းလို့ရတယ်။ Coding တွေရေးခိုင်းလို့ရတယ်။ မသိတာတွေကိုမေးလို့လည်းရပါသေးတယ်။ Google ကတောင် တန်ပြန် ai program တွေ ထုတ်လုပ်ဖို့ စီစဉ်နေရတဲ့အထိကို လူတွေကြားထဲ ရေပန်းစားနေတာပါ။
နောက်တစ်ခုက text to photo ai generator တွေထဲမှာဆို Midjourney ဆိုတဲ့ ai tool ဟာလည်း အရမ်းကို ရေပန်းစားနေတာပါ။ Prompt စာတိုလေးတွေ အသေးစိတ်ထည့်ပြီး generate လုပ်ခိုင်းလို့ရပါတယ်။ 50 credit free ပေးတယ်။ midjourney website မှာ Beta Join ပြီးရင် Discord ထဲက midjourney server ဆီသွားပြီး ဖွင့်ထားတဲ့ Channel အဟောင်းလေးတွေထဲဝင်ပြီး /imagine လို့ရိုက်ပြီး prompt လေးထည့်လိုက်ပြီး ခဏစောင့်လိုက်ရင် ပုံထွက်လာပါတယ်။
Designer တွေ Tools တွေသုံးပြီးဆွဲရင် နာရီနဲ့ချီပြီးကြာမယ့်ပုံတွေကို မိနစ်ပိုင်းလေးအတွင်း Prompt ကောင်းရင်ကောင်းသလို ပုံထွက်တယ်။ Prompt ထဲကို ဘာတွေရေးထည့်မလဲ ဆိုတဲ့ instruction knowledge က အသက်ပါ။ Variants တွေ Upscale တွေလည်း ထပ်လုပ်ခိုင်းလို့ရပါသေးတယ်။
Personalized Video tools ဆို synthesia ai
အသံတုအတွက်ဆို voice ai
Marketing အတွက်ဆို copy ai
Music အတွက်ဆို mubert ai
တို့အပြင် တခြား ai tools တွေလည်း ဒုနဲ့ဒေးကို နေ့စဉ်ထွက်ရှိနေတာပါ။ ခုလို ထွက်ရှိနေတဲ့ AI tools တွေကို မိမိလုပ်ငန်းခွင်မှာ ဘယ်လိုအသုံးချမလဲဆိုတာ လေ့လာထားသင့်ပါတယ်။
3. Short Form Videos Creating,
Social media မှာ အကောင့်ဖွင့်ပြီး ဈေးရောင်းနေသူတိုင်း ၂၀၂၃ မှာ သိကိုသိထားရမယ့် နည်းစနစ် ဖြစ်ပါတယ်။ ကိုယ်ရဲ့ Customer မဖြစ်ခင် potential customer တွေဆီကို မိမိရဲ့ Content တွေရောက်ရှိသွားဖို့အတွက်ဆို အရင်ကလို photo, text တွေတင်နေရုံတဲ့မရတော့ပါဘူး။ Video အတိုလေးတေွကို portrait , landscape Canvas size တွေနဲ့ ဖန်တီးပြီး facebook, tiktok တို့မှာ တင်ပြီး attention ကိုရအောင်ယူတက်ဖို့ကလည်း အရေးကြီးနည်းစနစ် တစ်ခုဖြစ်လာပါပြီ။
4. Phone Photography and Video Editing
အပေါ်က ပြောထားတဲ့ short form video လေးတွေဖန်တီးဖို့ဆို Phone နဲ့ Video ရိုက်တက်ပြီး Video Editing နည်းစနစ် အချို့ကို မိမိသာ သိထားမယ်ဆိုရင် မိမိလုပ်ငန်းအတွက် ထိထိရောက်ရောက် အသုံးချနိုင်မယ့်နည်းစနစ် ဖြစ်ပါတယ်။
5. Micro Influencer Marketing
နောက်ထပ် အရေးကြီးတဲ့ နည်းစနစ်ကတော့ micro influencer လို့ခေါ်တဲ့ Vlogger တွေဘဲဖြစ်ပါတယ်။ သူတို့ရဲ့ Social media မှာ လွှမ်းမိုးနိုင်စွမ်းကို မိမိရဲ့ ထုတ်ကုန် သို့ ဝန်ဆောင်မှုတွေအတွက် တွဲစပ် အသုံးပြုတက်မယ်ဆိုရင် ထိရောက်မယ့် နည်းစနစ်လည်း ဖြစ်ပါတယ်။
အားလုံးဘဲကျေးဇူးတင်ပါတယ်။
ထင်ကျော် (09 254 865 318)
#nal #2023 #technique #chatbot #chatbotmm #nalmm #autoreply #socialmediamarketing #digitalmarketing
0 Comments