"ManyChat ရဲ့ Organization Structure ခြေလှမ်း အသစ်"

 

 
2015 ကတည်းက တည်ထောင်ခဲ့ကြတဲ့ Manychat ဟာခုဆိုရင် ၇ နှစ်တာ သက်တမ်းရှိလာတဲ့ အပြင် Chat / Messenger Marketing ကို တခေတ်ဆန်းသစ်လာအောင် ကူညီပံ့ပိုးပေးခဲ့ကြတဲ့ Platform တွေထဲက တစ်ခုဆိုလည်း မမှားပါဘူးခဗျာ။ Messenger Channel ကနေ အစပြုလာဆိုရင် ခုဆိုရင် Channel စုစုပေါင်း ၆ ခု (Facebook Messenger, Instagram, Telegram, SMS, Email, Whatsapp) တောင် တိုးချဲ့ခဲ့ပြီးသွားပါပြီ။ ManyChat Platform ရဲ့ ရိုးရှင်းပြီး အသုံးပြုရလွယ်ကူတဲ့ User Interface , စုံလင်တဲ့ Features တွေနဲ့ ထပ်တိုးချိတ်ဆက်နိုင်တဲ့ Marketplace Add on App တွေကြောင့် Global မှာ Popular ဖြစ်ယုံမကဘူး ကျနော်တို့ မြန်မာမှာလည်း ManyChat ကို အသုံးများကြပါတယ်။ Platform ရဲ့ နှစ်စဉ် ဝင်ငွေကလည်း Million နဲ့ချီပြီး ဝင်နေပါတယ်။ 
 

MC ရဲ့ Founder လည်းဖြစ် CEO လည်းဖြစ်တဲ့ Mike Yan ကတော့ ခုလို ၇ နှစ်တာ ခရီးကို ဉီးဆောင်လာပြီးတဲ့နောက် ပိုမိုကောင်းမွန်ပြီး ထိရောက်မယ့် ကုမ္ပဏီရဲ့ အရွေ့ တစ်ခု ဖြစ်လာမယ့် CEO ရာထူးကို Mr.Sunny Manivannan ကို လွဲပေးပြီး သူကတော့ Chairman of the Board အဖြစ်ကို ပြောင်းလဲယူပြီဘဲ ဖြစ်ပါတယ်။ Chairman ကြီးဖြစ်သွားလို့ အောက်ခြေအလုပ်တွေ ဂရုမစိုက်တော့ဘူးလားလို့ စိုးရိမ်နေစရာမလိုအောင်လည်း Head of the Product အနေနဲ့ Operation ပိုင်းကိုလည်း အနီးကပ်ဂရုစိုက်ပေးဉီးမှာပါ။ 
 
တစ်ခုရှိတာက ခု CEO ရာထူးနေရာမှာ တာဝန်ယူမယ့် Mr. Sunny ကလည်း IPO Company ၂ ခုဖြစ်တဲ့ Coupa နဲ့ Braze တို့လို အဖွဲ့အစည်းတွေမှာ B2B SAAS experience ၁၀နှစ်ကျော်တောင် လုပ်ကိုင်ခဲ့ဖူးတဲ့သူ ဖြစ်လို့ ManyChat ကို နောင်တချိန် Public Company အဖြစ်ကိုပြောင်းလဲဖို့အတွက် ခြေလှမ်းများလှမ်းနေသလားလို့တောင် တွေးမိပါတယ်။ 
 
User တွေအတွက် Features အသစ်တွေ စဉ်ဆက်မပြတ်ထုတ်ပေးနေလို့ ကျေးဇူးတင်နေရသလို ခုလို Strategically ခြေလှမ်းအသစ်အတွက်လည်း ဝမ်းသာရပါတယ်ခဗျာ။ MC ဒီ့ထက်မက အောင်မြင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်။ 
 
ထင်ကျော် (NAL)
09 254 865 318
 

0 Comments